Connect with us

Politics, Law & Military

သာကေတ Capital hypermarket တွင် အသေးစားပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွား

ပေါက်ကွဲမှုဖြစ်ပွားအပြီး Capital hypermarket အားဝင်ခွင့်ပိတ်ထားသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

သာကေတ ဒေါပုံမြို့နယ်ရှိ capital hypermarket ဈေးဝယ်စင်တာတွင် ယနေ့ ညနေ ၌ အသေးစား ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ရှော့ပင်းစင်တာအပေါ်ထပ်ရှိ လိုင်းနံပတ် ၂၄နှင့် ၂၆တွင် ညနေ ၅နာရီ ၅၅မိနစ်တွင် နှစ်ကြိမ်၊ မြေညီထပ်ရှိ လိုင်းနံပတ် ၁နှင် လေးတွင် ၆နာရီ ၁၄မိနစ်ခန့်တွင် နှစ်ကြိမ် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ” ဗုံးပေါက်တယ်လဲပြောလို့မရဘူး၊ ဓာတုအရည်တခုခုပါတဲ့ အရာပေါက်တာ၊ အဲဒီနားက ယမ်းနံ့တွေတော့ရတယ်၊ ခုစစ်ဆေးနေတုန်းမို့ သေချာပြောမရသေးဘူး” ဟု အဆိုပါ ရှော့ပင်းစင်တာတွင်း စစ်ဆေးမှုပြုလုပ်နေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။ယင်းအသေးစားပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး အသေးစိတ်ဆက်လက် စစ်ဆေးနေကြောင်း ၎င်းကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.