နေပြည်တော်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံသူနိုင်ငံသားများအနေဖြင့် အစိုးရက ဆောင်ရွက်နေသော အခြေအနေများကို သိရှိနားလည်ပြီး အကြမ်းဖက်အန္တရာယ်ကို သတိဖြင့် ဂရုပြုကြရန် နိုင်ငံတော်သမ္မတရုံးက ယနေ့သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လက်ရှိဖြစ်ပေါ်နေသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသောအထူးအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီခွဲအထိ နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မောင်တောမြို့နယ် ဝါးပိတ်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ လက်နက်နှင့် ကျည်တောင့်များ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တည်ငြိမ်အေးချမ်းရေး အတွက် တပ်၊ ရဲအင်အားများကို ယခင်ကထက် အင်အားပိုမို ဖြည့် တင်းခြင်း ဆောင်ရွက်နေပြီး အင်အားတိုးဖြည့်တင်းရာတွင် ရဟတ်ယာဉ် များကိုပါ အသုံးပြုပြီး ရွှေ့ပြောင်းဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အောက်တိုဘာ...
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ကွင်းဆင်းကောက်ယူမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ အမှိုက်ပုံအတွင်း ကျည် ၂၄၂ တောင့်အား လာရောက် စွန့်ပစ်သော အမျိုးသားနှစ်ဦးကို လက်နက်ဥပဒေ ပုဒ်မနှင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း လမ်းမတော်ရဲစခန်းထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင်းရှိ ဝါးပိတ်ကျေးရွာမှ အိမ်ခြေ ၂၅လုံးအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ မီးရှို့ဖျက်စီးသွားကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
နေပြည်တော် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များအား အစိုးရ အဖွဲ့အနေဖြင့် ပြဿ နာအားအကောင်းဆုံးဖြစ်အောင်၊ မျှမျှတတဖြစ်အောင် တရား ဥပဒေ စိုးမိုးရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေသည်ဆိုသည်ကို ကမ္ဘာ့နိုင်ငံများ အားလုံးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေး...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော်နှင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်းအား ၃၀၀ခန့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၇ ခုနှစ် ၊ဧပြီလ ၁ရက်နေ့ (စနေနေ့) တွင် ကျင်းပမည်ဖြစ်ပြီး လစ်လပ်နေရာ ၁၈ နေရာ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၁၁ ရက်နေ့ နေ့စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်သည်။