Connect with us

Politics, Law & Military

အမြန် ရေယာဉ် နစ်မြုပ်မှု အပေါ် စနစ်တကျ စစ်ဆေး၍ တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည်

ပြည်ထောင်စု အစိုးရ အဖွဲ့၏ ထုတ်ပြန် ကြေညာချက်အား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

နေပြည်တော်၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

ချင်းတွင်း မြစ်တွင်းသွား အေးငြိမ်းချမ်းသာ အမြန် မော်တော် ရေယာဉ်လိုင်းမှ အောင်စိုးမိုးကျော်(၂) အမြန်ရေယာဉ် နစ်မြုပ်မှု ဖြစ်ပွားမှု အပေါ် စနစ်တကျ စစ်ဆေး၍ တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့မှ ထုတ်ပြန် ကြေညာခဲ့သည်။

ထိုဖြစ်စဉ်၌ သေဆုံးခဲ့သူများ၏ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ၊ အသက်ဆုံးရှုံးခဲ့သည့် ခရီးသည်များ အတွက် သက်ဆိုင်ရာ ဌာနများက လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရ အဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။အောင်စိုးမိုးကျော်(၂)အမြန် ရေယာဉ် နစ်မြုပ်မှုအား ပြည်ထောင်စု အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ အနီးကပ် ကြီးကြပ်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)