Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဗီယက်နမ်သွားမည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်(ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ဗီယက်နမ်ခရီးစဉ်ကို ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတမစ္စတာကျန်းဒိုက်ကွမ်း၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်သည်။ နိုင်ငံတော် သမ္မတသည် ဟနွိုင်းမြို့၌ ကျင်းပမည့် (၈)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေး၊ (၇)ကြိမ်မြောက် အက်မက်စ်ထိပ်သီး အစည်းအဝေးနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်(မဲခေါင်ဒေသ)တို့သို့လည်း ချစ်ကြည်ရေးခရီးစဉ်နှင့် တစ်ဆက်တည်း တက်ရောက်မည်ဖြစ်သည်။(Xinhua)