Connect with us

Politics, Law & Military

အတိတ်ကို မကြည့်ဘဲ အနာဂတ်ကို မျှော်သည့် နေရာမျိုးက ဆက်ပြီး ဆောင်ရွက်သွားရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ ဖြိုးမှု မိတ်ဖက်များ တွေ့ ဆုံမှု အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အတိတ်ကို ကြည့်တာ မဟုတ်ဘဲ အနာဂတ်ကို မျှော်သည့် နေရာမျိုးက ဆက်ပြီး ဆောင်ရွက်သွားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၊ MICC II တွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံမှု အခမ်းအနား အဖွင့် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“စနစ်တစ်ခု ပြောင်းတဲ့အခါ စီးပွားရေး စနစ်လည်း ပြောင်းရမယ်၊ စီးပွားရေး စနစ် ပြောင်းတဲ့အခါ အရင်တုန်းက လုပ်နေတဲ့ စီးပွားရေးသမားတွေ အတွက် နေရာမှ ရှိပါ့မလား ဆိုတဲ့ ပူပန်သောကတွေလည်း ရှိပါတယ်၊ ကျွန်မတို့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ နိုင်ငံသူနိုင်ငံသား အားလုံး ပါဝင်ပြီး တော့ ဆောင်ရွက်စေချင်ပါတယ်၊ အရင်က အတိတ်ကို ကြည့်တာ မဟုတ်ဘဲနဲ့ အနာဂတ်ကို မျှော်တဲ့ နေရာမျိုးက ဆက်ပြီး ဆောင်ရွက် သွားချင်ပါတယ်၊ ဒီလို ဆောင်ရွက်တဲ့အခါမှာ ပြည်တွင်းက လုပ်ငန်းရှင်တွေသာမက ပြည်ပ က ကျွန်မတို့ရဲ့ မိတ်ဆွေများ ကျွန်မတို့နိုင်ငံမှာ ရင်းနှီးမြုပ်နှံရာမှာ စိတ်ပါဝင်စားတဲ့ မိတ်ဆွေများ၊ စီးပွားရေး လုပ်ငန်းရှင်များ ကိုလည်း ကျွန်မတို့က ဖိတ်ခေါ်ချင်ပါတယ်၊ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုရင် အားလုံးရုန်းမှ ဖြစ်မှာပါ၊” ဟု ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံအတွက် အရေး ကြီးကိစ္စကဘာလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက ထားရမယ့် တစ်ချက်တည်း ပြောပါဆိုရင်တော့ ကျွန်မ ခေါင်းထဲမှာပေါ်လာတာကတော့ ကျွန်မတို့ ပြည်သူ အရည်အချင်း မြှင့်တင်ရေးပဲ၊ အဲ့ဒါကို အခြေခံပြီးမှာသာ ရေရှည် တည်တံ့ခိုင်မြဲနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေး စနစ်မျိုး ထူထောင်နိုင်မှာပါ၊ ကျွန်မတို့ ပြည်သူတွေရဲ့ အစွမ်း အစအရည်အချင်းကို အဓိက အားကိုးတဲ့ စနစ်မျိုးသာလျှင် ရေရှည် တည်တံ့ ခိုင်မြဲမယ်လို့ ကျွန်မခေါင်းထဲမှာ ဒီလိုပဲ ရောက်လာပါတယ်” ဟုလည်း ပြောကြားခဲ့သည်။အစိုးရသစ်၏ အခြေခံ မူဝါဒများတွင် တရားဥပဒေစိုးမိုးရေးကို ထိပ်တန်းနေရာ၌ ထားပြီး ထိုသို့ထားရှိခြင်းသည် စီးပွားရေး လုပ်ငန်းများကို ဘောင်ခတ်ခြင်း မဟုတ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံမှု အခမ်းအနားမြင်ကွင်းများကို တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံမှု အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသည့်ကိုတွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံမှု အခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံမှု အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ (ဆင်ဟွာ)

တွေ့ဆုံမှု အခမ်းအနားတွင် နိုင်ငံတော်၏ အခွန်ထမ်းကြီးများ စာရင်းဝင် လုပ်ငန်းရှင် ၁၅၈ ဦး အပါအဝင် စီးပွားရေး မိတ်ဖက် အဖွဲ့ အစည်းများ တက်ရောက်ခဲ့သည့် အဆိုပါ အခမ်း အနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနှ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ သံတမန်များ အဖွဲ့ နာယက၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူ သံအမတ်ကြီး H.E. Mr. Robert Chua, မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်အောင်၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံ ဘဏ်အသင်း ဥက္ကဌ ဦးခင်မောင်အေး၊ ကမ္ဘောဇဘဏ် လီမိတက် အမှုဆောင် ဒါရိုက်တာ ဒေါ်နန်းလှိုင်ခမ်း၊ CPG Facilitator သြစတြေလျသံအမတ်ကြီး Mr. Nick Cumpston နှင့် Sumitomo Mitsui Banking Corporation ရန်ကုန်ရုံးခွဲမှ general Manager Mr. Nobuyasu Akagi တို့ကလည်း ဆွေးနွေး အကြံပေး စကားများ ပြောကြားခဲ့ကြသည်။

အဆိုပါ ဆွေးနွေး အကြံပေး စကားများအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “အားလုံး ပြောကြားတဲ့ အချက်များဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်ဆိုတာ တွေ့ရပါတယ်၊ ရင်းနှီး မြှုပ်နှံမှု ဥပဒေနဲ့ ပတ်သက် လို့ရော ဘဏ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးရော ဆွေးနွေးသွားကြပါတယ်၊ တချို့က မိမိတို့ရဲ့ စိုးရိမ် ပူပန်မှုတွေ တင်ပြတာလည်း ရှိပါတယ်၊ တချို့က မိမိတို့စီးပွားရေး လုပ်ငန်းတွေအနေနဲ့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးမှာ ဘယ်လို ပံ့ပိုးနိုင်မလဲ ပြောတာတွေလည်း ရှိပါတယ်၊ SME လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အကြံပြု တာ တွေလည်း ရှိပါတယ်၊ နောက်ပြီးတော့ မြန်မြန်ဆန်ဆန် စီးပွားရေး လုပ်နိုင်မယ့် အလွယ်တကူ လုပ်နိုင်မယ့် စီမံကိန်းတွေ မြန်မြန် အကောင်အထည်ဖော်နိုင်မယ့် လုပ်သင့်တာတွေကို ပြောသွားတာလည်း ပါပါတယ်၊ အခု ပြောသွားကြ တာတွေ အတော်များများဟာ ကျွန်မတို့ဖွဲ့စည်းလိုက်ပြီ ဖြစ်တဲ့ Donors Aid Coordination Unit ကနေပြီး တော့ စီမံ ခန့်ခွဲမယ့် ကိစ္စတွေနဲ့လည်း သက်ဆိုင်နေပါတယ်” ဟု သုံးသပ် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.