Connect with us

Politics, Law & Military

ဒီးမော့ဆိုမြို့နယ်ရှိ ဘိန်းစိုက် ဧက ၁၇ ဧကခန့်အား ဖျက်ဆီး ဆောင်ရွက်

ဘိန်းစိုက်ခင်းများ ဖျက်ဆီး ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စု ဆောင်ဒူကျေးရွာ၏ အရှေ့မြောက် ဖက် ၂ မိုင်ခန့် အကွာရှိ ဘိန်းစိုက် ဧက ၁၇ ဧကခန့်အား ယနေ့အောက်တိုဘာ ၂၂ ရက်တွင် ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။ဘိန်းခင်းများ ဖျက်ဆီးရာ၌ ခန့်မှန်းမြေပုံအညွှန်း(KB-857620)တွင် အပင် အမြင့် ၁.၆ ပေခန့်ရှိ အဖူးကင်းစ အရွယ် နှင့် အမြင့် ၂.၆ ပေခန့်ရှိ ပွင့်/သီးနေ သည့် ဘိန်းစိုက်ဧက (၅)ဧကခန့် ၊ ခန့်မှန်းမြေပုံ အညွှန်း(KB-850625)တွင် အမြင့် ၂ ပေခန့်ရှိ ဖူးပွင့်နေသည့် ဘိန်း စိုက်ဧက (၇) ဧက ၊ ခန့်မှန်းမြေပုံ အညွှန်း (KB-867610)တွင် အမြင့် ၁ ပေခန့် ရှိ ဖူးပွင့်မပါ ဘိန်းစိုက်ဧက (၃) ဧက ၊ ခန့်မှန်း မြေပုံအညွှန်း(KB-865611)တွင် အမြင့် ၂ ပေ ရှိ ဖူးပွင့်နေဆဲ ဘိန်းစိုက်ဧက ၂ ဧက တို့ကို ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖျက်ဆီး ဆောင်ရွက်ခြင်းအား ဒီးမော့ဆိုမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ ၊ လွိုင်ကော် မူးယစ်တပ်ဖွဲ့စု(၂၀) ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ဥပဒေရုံး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် မြေစာရင်း ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံရေး ဦးစီး ဌာန၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ၊ မြို့နယ်မူးယစ်ဆေး ဝါးဆန့်ကျင်ရေး အဖွဲ့ ၊ ခြေမြန် တပ်ရင်း ၄၂၇ မှ တပ်ဖွဲ့ဝင်များ စုစုပေါင်း ၆၁ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။(Xinhua)