Connect with us

Politics, Law & Military

မောင်တောနှင့် ဘူးသီးတောင် မြို့များမှ နေရပ်စွန့်လာသူများ နေရပ်ပြန်မည်ဆိုပါက ကူညီမည်

စစ်တွေမြို့ ဓည၀တီအားကစားကွင်းတွင် ခေတ္တနေရပ်စွန့်ခွာလာကြသူများဒုက္ခသည်များနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုကြောင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များမှ ခေတ္တနေရပ်စွန့်ခွာလာသူများ နေရပ်ပြန်မည်ဆိုပါက ကူညီပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။

အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒေသနှင့် ဆက်စပ်နယ်မြေများ အား နယ်မြေဒေသလုံခြုံရေး၊ အေးချမ်း တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးကိုအပြည့်အ၀ ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးကိုတိုးမြှင့် ဆောင်ရွက် လျက်ရှိပြီး ရဲတပ်ဖွဲ့အင်အားနှင့် လက်နက်များ ကို လည်း တိုးမြှင့်တပ်ဆင်ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ နယ်မြေများအတွင်း တပ်မတော်ကလည်း နယ်မြေစိုးမိုးရေးအတွက် လှည့်ကင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် စိုးရိမ်စရာမလိုဘဲ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သည့်အတွက် မိမိတို့နေရပ်ကိုပြန်မည် ဆိုပါကကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အတင်းပြန်ခိုင်းခြင်း မဟုတ်ကြောင်း၊ မိမိရပ်ရွာမှာကျန်နေခဲ့ကြ သူများကိုဆက် သွယ် မေးမြန်းပြီး လုံခြုံအေးချမ်း မှုရှိပြီဆိုမှ ပြန်နိုင်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ခေတ္တနေရပ်စွန့်ခွါ လာကြသူများဒုက္ခသည်စခန်းသို့ သွားရောက်စဉ် ပြောကြားသည်။

စစ်တွေမြို့ ဓညဝတီအားကစားကွင်းတွင် ခိုလုံနေသော ဒုက္ခသည်များ မှလည်းမိမိတို့ကျေးရွာကို ဆက်သွယ် မေးမြန်း ထားပြီဖြစ်ကြောင်း ၊ပြန်လာနိုင်ပြီဖြစ်ကြောင်း ပြောကြားကြသည့် အတွက်၊ မိမိတို့ဒေသကို တစ်စုတစ်စည်းတည်း ပြန်နိုင်အောင် စုစည်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားကြသည်။

စစ်တွေမြို့ ဓညဝတီအားကစားကွင်းတွင် မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များမှ ခေတ္တနေရပ်စွန့်ခွါ လာကြသူများဒုက္ခသည်စခန်းသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဝင်းမြအေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ယနေ့ အောက်တိုဘာ ၂၁ရက် နံနက်ပိုင်းက သွားရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.