ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ) တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လုပ်ဆောင်လာနိုင်သဖြင့် သတိတရား ရှိကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်တိုင်း စစ်ဌာနချုပ် အနော်ရထာ ခန်းမတွင် ရန်ကုန် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ်...
ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် မကြာမီ ရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် နိုင်ငံခြား ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန် လိုက်သည်။
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) အမျိုးသား လွှတ်တော်တွင် ယနေ့တင်သွင်းသော ရခိုင်ပြည်နယ် စစ်ပွဲများ ရပ်စဲပေးရေး အရေးကြီး အဆိုကို ဆွေးနွေးရန် မဲခွဲရာတွင် ထောက်ခံမဲ သုံးပုံ တစ်ပုံရသဖြင့် မေလ ၃ ရက်တွင် အမျိုးသား လွှတ်တော်တွင် လက်ခံ ဆွေးနွေးရန် အတည်ပြု...
ရန်ကုန် ၊ မေ ၂ ရက် (ဆင်ဟွာ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို အတည်ပြု ပေးနိုင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ယနေ့မေလ ၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်...
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပထမ ပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့၌ အမျိုးသား လွှတ်တော်တွင် ရခိုင်ပြည်နယ် အတွင်း တပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့ကြား ဖြစ်ပေါ်နေသော စစ်ပွဲများ အမြန်ဆုံး ရပ်စဲပေးရန် အရေးကြီးအဆို တင်သွင်းခဲ့သည်။
ရန်ကုန်၊မေ၁ရက် (ဆင်ဟွာ) ပြင်ဦးလွင်ခရိုင်တွင် ရက်၁၀၀ စီမံချက်ကာလအတွင်း တံတားအစင်း ၄၀ ပြုပြင်ခြင်း၊ လမ်းနယ်နိမိတ်သတ်မှတ်ခြင်း နှင့် လမ်းအသံ ုးပြုသူများဆိုင်ရာ လမ်း မကြီးများဥပဒေတို့ကို ပြည်သူများသိရှိ စေရန် လမ်းတစ်လျှောက်ရှိ ရပ်ကွက်၊ ကျေး ရွာနှင့်လမ်းအသံ ုးပြုခငွေကြေးကောက်ခံ ရေးစခန်းများတွင် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် လမ်းဦးစီးဌာနမှ...
ရန်ကုန်၊ မေ ၁ရက် (ဆင်ဟွာ) အခွန်အကောက်ဥပဒေအသစ်ကြောင့် အရည်ကျိုအပ်ကားများ အမည်ပြောင်းပြုလုပ်ရာတွင် ငွေကျပ်ခြောက်သိန်းကျော်အခွန် ပေးဆောင်ရသော်လည်း ရာဖြတ်တန်ဖိုးများ ကို ယခင်ဘဏ္ဍာနှစ်အတိုင်း သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက်အား နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့ရာတွင် အမှတ်စဉ် ၁ တွင် နိုင်ငံတော် သမ္မတ ဖြစ်ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို အမှတ်စဉ် ၂ နေရာတွင် သတ်မှတ် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ( USDP) တွင်း အရေးပေါ် ညီလာခံ ကျင်းပပေးရန် ပါတီဝင် ၁၀၀ ကျော်က ယနေ့ (ဧပြီလ ၂၉ရက်) လက်မှတ် ရေးထိုး တင်ပြ တောင်းဆိုလိုက်ကြောင်း USDP ပါတီထံမှ...
ရန်ကုန် ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် လွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်း အဝေးများကို သြင်္ကန်ကာလ အတွင်း ခေတ္တ ရပ်နား ထားရာမှ မေလ ၂ ရက်တွင် ပြန်လည် ကျင်းပသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။