Connect with us

Politics, Law & Military

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ် ဝင်ခွင့် လျှောက်ထားရန် ကြေညာ

ဆယ်တန်းစာမေးပွဲ အောင်စာရင်းကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန် မိမိတို့ စာမေးပွဲ ဖြေဆို ခဲ့ကြသော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက် တန်း ကျောင်း အုပ်ကြီးများ)ထံ အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်ရမှတ် အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ် ဝင်ခွင့် လျှောက်ထားရမည့် ပုံစံအိတ်ကို ဩဂုတ် ၁၇ ရက် (ဗုဒ္ဓဟူးနေ့)မှစ၍ ကိုယ်တိုင်ထုတ်ယူကြ ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဩဂုတ် ၁၈ ရက်မှ ၃၁ ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် များအပါအဝင်(ပိတ်ရက်မရှိ) အဆင့်မြင့်ပညာ ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)သို့ လျှောက်ထားနိုင်ကြောင်း၊ အသေးစိတ် ကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ) ဖုန်း-၅၃၇၆၇၇ နှင့် ၅၂၅၆၁၂ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.