နေပြည်တော်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်နှင့် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးတို့ ယနေ့ နံနက်တွေ့ဆုံစဉ် အချက်လေးချက်ကို သံတမန် နည်းအရ သဘောတူခဲ့ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တွေ့ဆုံပွဲ အပြီးတွင်...
နေပြည်တော်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံမှ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအတွက် ကန်ဒေါ်လာ ၈သန်း စတင် ထောက်ပံံ့ပေးမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
နေပြည်တော်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံခန့်အပ်သည့် ဥပဒေကို ယနေ့ညနေပိုင်းတွင် သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုးကာ ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့လိုက်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က လူဆိုးလူမိုက် သတင်း ကျော်ဇောရှိသူများနှင့် တရားခံပြေးများအား ဖမ်းဆီး အရေးယူလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်း ခုံးကျော်တံတား အသစ် ၂ စင်း ထပ်မံ တည်ဆောက်မည့် စီမံကိန်းကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းတံတား ဆောက်ရန် အသုံးစရိတ်ကို ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပြင်ပ နေရာများရှိ မြို့နယ်များ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပြောင်းလဲ အသုံးပြုရန်...
ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် လွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်း အဝေးများကို သြင်္ကန်ကာလ အတွင်း ခေတ္တ ရပ်နားမည်ဖြစ်ပြီး ပြည်သူ့ လွှတ်တော် အစည်းအဝေးက မေလ ၂ ရက်တွင် စတင် ကျင်းပမည် ဖြစ်ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဧပြီလ...
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် ၈ ခုတွင် အစိုးရအဖွဲ့ ဝန်ကြီးများ ခန့်အပ် တာဝန် ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဧပြီလ ၅ ရက်တွင် အမိန့်ထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး အဖြစ် ဦးကျော်တင် အား ခန့်အပ် တာဝန် ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြေညာချက်အား ဧပြီလ ၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် မရှိ အတည်ပြု၍ ပေးပို့လာသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား ယနေ့ ပြည်သူ့ လွှတ်တော်တွင် ကိုယ်စားလှယ် ၄ ဦးမှ ပြင်ဆင်ချက် ၁၃ ချက် တင်သွင်း၍ တစ်ပိုဒ်ချင်းစီ မဲခွဲ...
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန်များအား ယနေ့ ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့် ထုတ်ပြန်လိုက်သည်။