Connect with us

Politics, Law & Military

အမေရိကန်သံရုံး မျက်ရည်ယိုဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း ဥပဒေကို လေးစား လိုက်နာပါရန် အသိပေး

ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် ဇူလိုင်လ ၂၄ ရက်က မျက်ရည်ယိုဗုံး ပေါက်ကွဲမှုဖြစ်ပွားအပြီး ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ၊ အမေရိကန် သံရုံးဝင်းအတွင်း လုံခြုံရေးလေ့ကျင့်မှု ပြုလုပ်ရာမှ မျက်ရည်ယိုဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်း စည်းကမ်း ဥပဒေကို လေးစား လိုက်နာပါရန် အသိပေး အကြောင်းကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ အမေရိကန် သံရုံးအတွင်း ဇူလိုင်လ ၂၄ ရက်နေ့ ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သော မျက်ရည်ယိုဗုံး ပေါက်ကွဲမှုကြောင့် အနီး ပတ်ဝန်းကျင်နှင့် လမ်းသွားလမ်းလာ ပြည်သူများအား အနှောင့်အယှက်ဖြစ် ထိတ်လန့် စေခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမေရိကန် သံရုံးသို့ တယ်လီဖုန်း ဖြင့် ဆက်သွယ်၍ လည်းကောင်း ၊ စာဖြင့် ရေးသား၍ လည်းကောင်း နောက်နောင် ဤသို့သော ကိစ္စရပ်မျိုး ထပ်မံ မဖြစ်ပွားစေရန် အတွက် အထူးကြီးကြပ် ရှောင်ရှားရန် အသိပေး ပြောကြားခဲ့သည်။

ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် ဇူလိုင်လ ၂၄ ရက်က မျက်ရည်ယိုဗုံး ပေါက်ကွဲမှုဖြစ်ပွားအပြီး ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ယင်း ပေါက်ကွဲမှု ဖြစ်ပွားပြီး ဓာတ်ငွေ့ ထွက်သည်မှာ မိနစ် ၂၀ ခန့် ကြာမြင့်ကာ သံရုံးဝင်း ပြင်ပသို့ ဓာတ်ငွေ့များ ပျံ့လွင့်လာခဲ့သည်။
အဆိုပါ လေ့ကျင့်မှုသည် နောက်ဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ထပ်မံလေ့ကျင့်မည် ဆိုပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများသို့ အကြောင်းကြားပြီးမှ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသော ညက အမေရိကန်သံရုံး လုံခြုံရေးအရာရှိ က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.