Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံ ညီလာခံသို့ တစ်ညီတစ်ညွတ် အတူတကွ သွားနိုင်ရန် တူညီသော ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်ရေး အရေးကြီးဟုဆို

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကျင်းပနေစဉ် (ဆင်ဟွာ)

မိုင်ဂျာယန် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

၂၁ ရာစု ပင်လုံ ညီလာခံသို့တစ်ညီတစ်ညွှတ် အတူတကွ သွားနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုကိုသာ အဓိက ဆွေးနွေးပြီး တူညီသော ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်ရန် အရေးကြီးကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ဇူလိုင်လ ၂၇ ရက်တွင် သဘာပတိ ဖြစ်သူ ပဒိုနော်စီ ဖိုးရာစိန်က ပြောကြားခဲ့သည်။

“လက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂၁ ရာစု ပင်လုံ ညီလာခံကို စတင် ဖော်ဆောင်နေတဲ့ အတွက်ကြောင့် ကျွန်မတို့အတွက် အတူတကွ သွားနိုင်ရန် လမ်းစ ဖွင့်ခဲ့တာ ဖြစ်တယ်လို့ယူဆပါတယ်။ ဒါကြောင့် ဒီနေ့မျက်နှာ စုံညီ အစည်းအဝေးမှာ လက်မှတ် ထိုးခြင်း ၊ မထိုးခြင်း အခြေခံ မထားဘဲ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှုကို ရှေးရှုပြီး ရှေ့ဆက် နိုင်ငံရေး ဆွေးနွေးပွဲ အစချီတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံသို့တစ်ညီတစ်ညွတ် အတူတကွ သွားနိုင်ရန် လိုအပ်တဲ့ ပြင်ဆင်မှုကိုသာ အဓိက ဆွေးနွေးပြီး တူညီသော ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်ရန် အရေးကြီးလှပါတယ်”ဟု သဘာပတိ ဖြစ်သူ ကရင် အမျိုးသား အစည်းအရုံး (KNU) ဒုတိယ ဥက္ကဋ္ဌ ပဒိုနော်စီ ဖိုးရာစိန်က ပြောသည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကျင်းပနေစဉ် (ဆင်ဟွာ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့တွင် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အခြေခံမူများ ဆွေးနွေးခြင်း ၊ ဘုံသဘောထား ချမှတ်ခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်နှင့် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် တစ်စုတစ်ဖွဲ့တည်း တည်ဆောက်နိုင်မည် မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ ၊ ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး အတူတကွ ပါဝင်မှသာလျှင် အောင်မြင်မှုကို ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ပဒိုနော်စီ ဖိုးရာစိန်က ထည့်သွင်း ပြောကြားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာ စုံညီ အစည်းအဝေးတွင် အဓိက ရည်ရွယ်ချက် ၂ ခု ဖြစ်သည့် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေး အတွက် အကြို ညှိနှိုင်းရေးနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ နိုင်ငံရေး ဘုံသဘောထားတို့အပေါ် အခြေခံပြီး ခေါင်းစဉ်ကြီး ၄ ခု ဖြစ်သည့် ပင်လုံ လက်စွဲ စာတမ်း ဆွေးနွေးခြင်း ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ အတွက် အခြေခံမူများ ၊ လုံခြုံရေး နှင့် ကာကွယ်ရေး ဆိုင်ရာ အခြေခံမူများ နှင့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ရေး တို့ကို ကချင်ပြည်နယ် မိုင်ဂျာယန်၌ ၄ ရက်ကြာ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117