နေပြည်တော်၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာတရားရုံး၌ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အတွက် ဂမ်ဘီယာနိုင်ငံနှင့်အတူ ICJ တရားရုံး၌ ကြားနာရာတွင် သွားရောက်လျှောက်လဲခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှ ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများစွာ ကြိုဆိုခဲ့ကြသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတို့တွင် တရားမဝင်သစ် တန် ၁၀၀ ကျော် အား သိမ်းဆည်းရမိ ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အနေဖြင့့်ဒီဇင်ဘာလ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းသည့်ကိစ္စရပ်အားဒုတိယအကြိမ် ရှင်းလင်းပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြု ချက်မရှိ ဆောက်လုပ်ထားသည့် အဆောက်အအုံများကို စစ်ဆေး အရေးယူလျက်ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ကော်မတီမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၆၆ဒသမ၅ ဧက ဖျက်ဆီးရှင်းလင်း ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေး ၊ လုံခြုံရေး နှင့် လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခကို ပိုမို ထိခိုက် ဆိုးရွားသွားစေမည့် ဆောင်ရွက်ချက်များကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အနေဖြင့် ရှောင်ရှားပေးပါရန် မေတ္တာရပ်ခံကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊...
နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) လာမည့် ၂၀၂၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အိုင်တီနည်းပညာ အသုံးပြုခြင်း မပါဝင်သော ကြောင့် မဲစာရင်းမှ မဲရလဒ်များ အထိ မသမာသော နည်းလမ်းများဖြင့် အနှောင့်အယှက် မပြုနိုင်သဖြင့် အချို့ ပြည်သူများ စိုးရိမ် ပူပန်နေသည့် ကိစ္စမျိုး မဖြစ်ပေါ်နိုင်ကြောင်း၊...
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ ဟိုက်ဒြိုကလိုရစ်အက်စစ် ၁၆,၂၀၀ လီတာ သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ စိတ်ကြွဆေးပြား ၄၇၅,၀၀၀ ပြား ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ ICE ၆၆၆ ကီလို ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ကယနေ့သတင်းထုတ်ပြန်သည်။