Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၌ ICE ၁,၆၁၅ ကီလို ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသယ်ဆောင်လာသော ယာဉ်နှင့် တရားခံနှစ်ဦးအားတွေ့ရစဉ်(ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာအနီး၌ မေ ၂၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ၁၂ ဘီးယာဉ်တစ်စီးပေါ်မှ ICE ၁,၆၁၅ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ဦးတည်၍ ခွန်စံဦး(၄၃)နှစ်မောင်းနှင်ပြီး ဝေလင်းထွန်း(၃၇)နှစ်လိုက်ပါလာသည့် 3M/xxxx ၁၂ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ ကိုယ်ထည် ကြမ်းခင်းအံဝှက်အတွင်းမှ ဆာလာအိတ်ဖြင့် ထည့်ထားသည့် ICE ၁,၆၁၅ ကီလိုနှင့် ငွေ ၂၆၂,၅၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိသော တရားခံနှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)