Science & Technology
တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် တင်ဒါခေါ်ယူရာတွင် ပွင့်လင်းမြင်သာစွာဆောင်ရွက်မည်
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောက်လုပ်သွားမည့် တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများအား တင်ဒါခေါ်ယူရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။
ယခုလ အတွင်း ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ် တို့၌ ဆောက်လုပ်မည့် တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများအတွက် ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို တင်ဒါ ခေါ်ယူနေပြီ ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
နိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများ အိမ်ရာ ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးများ ရရှိနိုင်ရန် ငွေကျပ် သိန်း ၁ဝဝ အောက် တန်ဖိုးနည်း အိမ်ရာများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်း တည်ဆောက်မည် ဖြစ်ပြီး တင်ဒါ ရွေးချယ်ရာတွင်လည်း လာရောက် လျှောက်ထားသည့် ကုမ္ပဏီများကို ပွင့်လင်းမြင်သာစွာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး၌ လာမည့်နှစ် နှစ်အတွင်း တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းပေါင်း ၈ဝဝဝ ကျော် ဖော်ဆောင်ရန် မြေနေရာများ ရရှိထားပြီး စီမံကိန်း ဆောင်ရွက်မည့် နေရာများမှာ သန်လျင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တို့ ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)