Connect with us

Science & Technology

ဒရုန်း အသုံးပြုမှု ဆိုင်ရာ အမိန့် ထုတ်ပြန်ချက်ကို ၂ဝ၁၇ ခုနှစ်တွင် ထွက်ရှိနိုင်ရန် လုပ်ဆောင်လျက် ရှိ

ဒရုန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်း မောင်းသူမဲ့ လေယာဉ်၊ ရဟတ်ယာဉ် များကို အလေးချိန်နှင့် စွမ်းဆောင်မှု အပေါ်မူတည်၍ ခွဲခြား သတ်မှတ်ပြီး စနစ်တကျ မှတ်ပုံတင်ခြင်း၊ စီးပွားရေး လုပ်ငန်း အသုံးပြုခွင့် လက်မှတ် ထုတ်ပေးခြင်း နှင့် မြေပြင်မှ ထိန်းချုပ် မောင်းနှင်သူ များကို စိစစ်ခြင်း စသည့် ဒရုန်း အသုံးပြုမှု ဆိုင်ရာ အမိန့် ထုတ်ပြန်ချက်ကို ၂ဝ၁၇ ခုနှစ်တွင် ထွက်ရှိနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ဒရုန်း အသုံးပြုမှု ဆိုင်ရာ Advisory Circular (AC) မူကြမ်းတွင် အများပြည်သူ လုံခြုံ ဘေးကင်းမှုကို အထူး အလေးထား ရေးဆွဲပြီး မှတ်ပုံတင်ခြင်း အပါအဝင် ဒရုန်းအသုံးပြုမှု ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် များကိုလည်း ထည့်သွင်း ရေးဆွဲထားသည်။ ထို့ပြင် စီးပွားရေး လုပ်ငန်းသုံး ဒရုန်းများ အတွက် ခွင့်ပြုချက် နှစ်မျိုးဖြင့် လုပ်ကိုင်ခွင့်ပြု သွားမည်ဖြစ်ပြီး ကောက်ခံမည့် နှုန်းထား များကိုလည်း ဌာနမှ ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.