Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်ဆောင်ရွက်မည်

ရန်ကုန်မြို့ညဘက်အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် လျှပ်စစ်ဓာတ်အား ၄ဝဝ မဂ္ဂါဝပ်ခန့် ထပ်မံ လိုအပ်လျက်ရှိပြီး အဆိုပါ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေး နိုင်ရေးအတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့တို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နွေရာသီတွင် အယ်လ်နီညို ဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု စံချိန်တင်မြင့်တက် ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ၌ တစ်ရက်လျှင် ၁၂၅ဝ မဂ္ဂါဝပ်ကျော် သုံးစွဲခဲ့သဖြင့် လာမည့်နှစ် နွေရာသီတွင်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၃ဝဝ မဂ္ဂါဝပ်အတွက် လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် ပုဂ္ဂလိက ကုမ္ပဏီကို ရွေးချယ်လျက် ရှိကြောင်း သိရသည်။

တင်ဒါ အောင်မြင်သော ကုမ္ပဏီအနေဖြင့် ဆီ နှင့် ဂက်စ် နှစ်မျိုးသုံး အင်ဂျင်စက် အသစ်ဖြင့် သန်လျင်နှင့် သာကေတ မြို့နယ်တို့ရှိ ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်း သို့မဟုတ် အလုံ နှင့် လှိုင်သာယာမြို့နယ် တို့ရှိ ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်း အနီး မြေနေရာများ ရှာဖွေပြီး စက်ရုံတည်ဆောက် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လာမည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်ရန် ငွေကျပ် သန်းပေါင်း ၁၇,ဝဝဝ ကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.