Science & Technology
မိုဘိုင်းဖုန်းသုံးစွဲသူ ၃၅၀ ခန့်ထံမှ စစ်တမ်းကောက်ယူခဲ့သည့်စစ်တမ်းအရ၄၂.၂% သည် Huawei ဖုန်း သုံးစွဲသူများ ဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့တွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် မှ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့အထိ မိုဘိုင်းဖုန်းသုံးစွဲသူ ၃၅၀ ခန့်ထံမှ စစ်တမ်းကောက်ယူခဲ့သည့်စစ်တမ်းအရ စစ်တမ်းအရ မိုဘိုင်းဖုန်း သုံးစွဲသူ ၄၂.၂% သည် Huawei ဖုန်း သုံးစွဲသူများ ဖြစ်ကြပြီး Samsung နှင့် iPhone သုံးစွဲကြသူများမှာ ၂၅.၆% နှင့် ၆.၇% အသီးသီး ဖြစ်ကြောင်း Mileage Communication Myanmar မှ သတင်းထုတ်ပြန်သည်။
၎င်းတို့နောက်တွင် လိုက်ပါလာသည့် မိုဘိုင်းဖုန်း အမှတ်တံဆိပ်ကတော့ Sony ပဲ ဖြစ်ကြောင်း၊ Oppo၊ Xiaomi၊ Meizu နှင့် Lenovo စသည့် မိုဘိုင်းဖုန်း အမှတ်တံဆိပ်များသည် ယခင် လေ့လာချက်များ နှင့် နှိုင်းယှဉ်ပါက တိုးတက်လာကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ဖုန်းဝယ်ယူမှု အကြောင်းအရင်းတွေကို ယခင်နှစ် စစ်တမ်းများနှင့် ယှဉ်၍ သိသာထင်ရှားစွာ ပြသပေးထားပါတယ်။ ဝယ်ယူတဲ့အခါ ကုန်အမှတ်တံဆိပ် လွှမ်းမိုးမှုဟာ ၃၄.၁% (၂၀၁၅ ခုနှစ်တွင် ၁၄%)ဖြင့် အဓိက အကြောင်းအရင်း ဖြစ်လာပြီး၊ ထို့နောက်မှ အရည်အသွေးနှင့် လုပ်ဆောင်ချက်များကြောင့် ဝယ်ယူမှုသည် ၂၉.၅% (၂၀၁၆ ခုနှစ်တွင် ၄၄%)၊ ဒီဇိုင်းကို ကြည့်၍ ဝယ်ယူမှုသည် ၂၀.၅% (၂၀၁၅ ခုနှစ်တွင် ၁၄%)နှင့် ဈေးနှုန်းကို တွက်ဆ၍ ဝယ်ယူမှုသည် ၁၉.၃% (၂၀၁၆ ခုနှစ်တွင် ၂၄%) ဖြစ်ပါတယ်။ ဤရှာဖွေတွေ့ရှိချက်များအရ မြန်မာ့ မိုဘိုင်းဖုန်း သုံးစွဲသူများ၏ သိမြင်နားလည်လာပုံသည် ဈေးနှုန်းကို အလေးထား ဝယ်ယူသည့် အခြေအနေမှ ကုန်အမှတ်တံဆိပ်ကို အလေးထားလာသည့် အခြေအနေသို့ ပြောင်းလဲသွားကြောင်း ညွှန်ပြနေပါတယ်။
စစ်တမ်းကောက်ခဲ့သော မိုဘိုင်းဖုန်း သုံးစွဲသူ ၃၉.၈% သည် Huawei ကုန်အမှတ်တံဆိပ် (၂၀၁၅ ခုနှစ်တွင် ၂၃.၄%)၊ Oppo ၂၃.၉% (၂၀၁၅ ခုနှစ်တွင် ၂.၃%)၊ Samsung ၁၄.၈% (၂၀၁၅ ခုနှစ်တွင် ၁၈.၁%) နှင့် Apple iphone ၉.၁% (၂၀၁၅ ခုနှစ်တွင် ၁၀.၅%) စသဖြင့် ကိုင်ဆောင် သုံးစွဲနေကြသူများ ဖြစ်ကြပါတယ်။ Huawei နှင့် Oppo ဖုန်းများကအခြား အဆင့်မြင့် ဖုန်းများကို ဖြတ်၍ ဈေးကွက် ထိုးဖောက်မှုများ သိသိသာသာ တိုးတက်လာကြောင်း တွေ့ရပါတယ်။စမတ်ဖုန်းများ၏ ကုန်အမှတ်တံဆိပ်သည် မိုဘိုင်းဖုန်း သုံးစွဲသူများ၏ ဝယ်ယူမှု အလေ့အထများအပေါ် ၃၇.၅% (၂၀၁၅ ခုနှစ်တွင် ၈.၈%) သက်ရောက်မှု ရှိကြောင်း သိသာထင်ရှားစွာ တွေ့ရသည့်အပြင် ဈေးနှုန်း သက်ရောက်မှုမှာ ၂၅% (၂၀၁၅ ခုနှစ်တွင် ၁၉.၉%)၊ အရည်အသွေးနှင့် လုပ်ဆောင်ချက် ၂၁.၆% (၅၁.၅%) နှင့် ဒီဇိုင်း ၁၈.၂% (၁၀.၅%) စသဖြင့် အသီးသီး သက်ရောက်မှုများရှိကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်။ မိုဘိုင်းဖုန်း သုံးစွဲသူများသည် မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို အင်တာနက်မှ ရယူမှု ၇၁.၆% (၂၀၁၅ ခုနှစ်တွင် ၃၂.၇%)၊ မီဒီယာမှ သိရှိမှု ၁၃.၆% (၂၉.၈%) နှင့် မိတ်ဆွေ အပေါင်းအသင်းထံမှ သိရှိရမှု ၁၂.၅% (၂၃.၄%) ဖြစ်ကြောင်း သိရှိရပါတယ်။ မိုဘိုင်းဖုန်း ရောင်းချသူ ၁၂.၅% (၂၃.၄%) ထံမှ အချက်အလက်ရယူသည့် မိုဘိုင်းဖုန်း သုံးစွဲသူ ပမာဏမှာ ၁၀.၂% သာ ရှိပါတယ်။ ဤရှာဖွေတွေ့ရှိချက်များအရ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းသုံးစွဲသူများသည် မိုဘိုင်းဖုန်းနှင့် ပတ်သက်၍ အချက်အလက် ရှာဖွေမှုတွင် အင်တာနက်မှ ရှာဖွေမှုကိုသာ အဓိကထားကြောင်း သိရှိရပါတယ်။ ဤရလဒ်များသည် တိုးတက်လာသော အင်တာနက် မြန်နှုန်းနှင့် မိုဘိုင်း အင်တာနက် သတင်းပေးပို့ချက်များကြောင့် မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း သုံးစွဲသူများအကြား မိုဘိုင်း အင်တာနက် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်လာနိုင်မှုကို ထင်ဟပ်စေပါတယ်။
မိုဘိုင်းဖုန်း သုံးစွဲသူ ၂၀.၇% (၂၀၁၅ ခုနှစ်တွင် ၃၂.၇%) သည် ၂ သိန်း-၄ သိန်း အတွင်း တန်ဖိုးရှိ ဖုန်းများကို လက်ခံလာနိုင်ကြပြီဖြစ်ပြီး သုံးစွဲသူ ၃၇% (၂၀၁၅ ခုနှစ်တွင် ၃၃.၃%)မှာမူ ၁ သိန်း-၂ သိန်း ကြား ဖုန်းများကို တန်ဖိုးသင့်ဖုန်းများဟု ထင်မြင်နေဆဲဖြစ်ကြောင်း၊ သုံးစွဲသူ ဝယ်ယူမှု ပါဝါမှာ ၂၀၁၅ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော ယခင် လေ့လာတွေ့ရှိချက်များနှင့် ယှဉ်ရင် သိသိသာသာ တိုးတက်လာကြောင်း၊ စစ်တမ်း ဖြေကြားသူ ၁၅.၂% က ဖုန်းအတွက် ၄ သိန်းအထက် သုံးမည်ဟု ဖြစ်ကြောင်း ဖြေဆိုခဲ့ကြောင်း သိရသည်။ယခင်နှစ် ရလဒ်နှင့် မတူသည်မှာ မိုဘိုင်းဖုန်း သုံးစွဲသူများသည် အဓိကထား ထည့်သွင်းစဉ်းစား၍ ဝယ်ယူလာမှုမှာ Huawei ၄၅.၅% (ယခင် ၃၂%)၊ Samsung ၁၈.၂% (ယခင် ၁၁.၇%)၊ Apple iPhone ၁၄.၈% (ယခင် ၁၂.၉%)၊ Sony ၃.၄% (ယခင် ၈.၈%) နှင့် Oppo ၃.၄% (ယခင် ၇.၆%) တို့ပင် ဖြစ်ကြောင်း စစ်တမ်းတွင်ပါရှိသည်။Mileage Communications Myanmar ၏ 2016 Mobile User Behaviors Survey (၂၀၁၆ ခုနှစ် မိုဘိုင်းဖုန်း သုံးစွဲသူ အလေ့အထ စစ်တမ်း) နှင့်ပတ်သက်၍ အချက်အလက်များ ပိုမို သိရှိနိုင်ရန်အတွက် +95-9-45000-7168 ကို ခေါ်ဆို၍ လည်းကောင်း၊ [email protected] သို့ အီးမေးလ် ပေးပို့၍ လည်းကောင်း၊ www.facebook.com/pages/Mileage-Communications-Myanmar ဖော်ပြပါ Facebook စာမျက်နှာမှလည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။