Connect with us

Science & Technology

ဘတ်စ်ကားမှတ်တိုင်များ ပြန်လည်ပြုပြင်ရန် ယခုလအတွင်း တင်ဒါ ခေါ်ယူမည်

ရန်ကုန်မြို့အတွင်းရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၀ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကား မှတ်တိုင်ပေါင်း ၂၅ဝ ကို ပြန်လည် ပြုပြင်ရန် ယခုလ အတွင်း တင်ဒါခေါ်ယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။

မှတ်တိုင်များ ပြုပြင် တည်ဆောက် ရာတွင် ခုံးကျော်တံတား အဆင်းရှိ မှတ်တိုင်များကို အဓိကထား ပြုပြင်မည်ဖြစ်ပြီး ဘတ်စ်ကား မှတ်တိုင်ပေါင်း ၁ဝဝဝ ကျော်ရှိသည့် အနက် ၂၅ဝ ကို ကနဦး ပြုပြင်ရန် တင်ဒါ ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ ဘတ်စ်ကား မှတ်တိုင်များ အဆင့်မြှင့်တင် ရခြင်းမှာ မကြာမီ ပြောင်းလဲ ပြေးဆွဲမည့် အများပိုင် ဘတ်စ်ကားနှင့် ကိုက်ညီစေရေး အတွက်ဖြစ်ပြီး မြို့တွင်း ခြောက်မြို့နယ်၊ ခုံးကျော်တံတား အတက် အဆင်းရှိ မှတ်တိုင်များနှင့် မီးပွိုင့်၊ လမ်းဆုံ အနီးရှိမှတ်တိုင် များကို အဓိကထား ပြုပြင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.