ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းပေါ်ရှိ ရသေ့တောင်ချောင်းကို ဖြတ်ကျော်တည်ဆောက် ထားသည့် ရသေ့တောင် တံတား တည်ဆောက်မှုမှာ ၉၄ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ယခုမတ်လကုန်တွင် ပြီးစီးအောင် ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
နေပြည်တော်၊ မတ်လ ၈ ရက် (ဆင်ဟွာ) ခေတ်သစ်မြန်မာ့သမိုင်းတွင် တက်ကြွစွာ ပါဝင် ကြိုးပမ်းခဲ့သော မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှု ကို အတုယူကာ မိမိတို့ ဘဝလုံခြုံမှု ရှိရေးနှင့် စွမ်းရည် မြင့်မားရေးကို ဦးတည်ကြိုးပမ်း အားထုတ်ကြ ရန် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့...
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ရေရှားပါးနေသော တိုင်းဒေသကြီး လေးခုနှင့် ပြည်နယ်နှစ်ခုရှိ ဒေသများ၌ တစ်နာရီလျှင် သောက်သုံးရေ ရေဂါလန် ၅ဝဝ သန့်စင်နိုင်သော ရေသန့်စင်ကားများဖြင့် ရေဖြန့်ဝေပေးနေကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဌာနခွဲ)ထံမှ သိရသည်။
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယူနက်စကို ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်ရေးလုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ကွင်း ဆင်းသုတေသနများပြုလုပ်လျက်ရှိရာ ၂ဝ၁၉ ခုနှစ်အလွန်ကို ရည်မှန်းချက် ထားဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီး ဌာန(မြောက်ဦးဌာနခွဲ)မှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မန္တလေးမြို့ရှိ ကျုံးတောင်ဘက်နှင့် အနောက်ဘက်တွင် ယခင်ကာရံထားသည့် အကာအရံများကို စတီးလက်ရန်းများဖြင့် အစားထိုးလဲလှယ်ကာရံခြင်းနှင့် လျှောက်လမ်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ လုပ်ဆောင်နေပြီး လာမည့်မတ်လအတွင်းအပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီးရှိ ငှက်သိုက်ကျွန်းအုပ်စုများပေါ်မှ ဇီဝဇိုးငှက်သိုက်များစုသိမ်းထုတ်ယူခွင့်နှင့် ပတ်သက်ပြီး ဈေးပြိုင်အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) “လူငယ်နှင့် တရားဥပဒေစိုးမိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရသိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ကျိုက်ထီး ရိုးစေတီတော် ၏ အခြားတစ်ဖက်လမ်းတွင် ကေဘယ်ကား တပ်ဆင်ရေးလုပ်ငန်း စီမံကိန်း အား ပြည်နယ် အစိုးရအဖွဲ့ရုံးထံ အဆိုပြု တင်ပြထားကြောင်းသိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ဂုတ်တွင်းလမ်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲဘက်ခြမ်း မိုင်တိုင်(၈၈/ဝ)၊ မိုင်တိုင် (၉ဝ/ဝ)နှင့် နောင်ချိုဘက်ခြမ်းတွင် မိုင်တိုင် (၈၁/၇)၊ နောင်ချိုတိုးဂိတ် (၇၉/ဝ) တို့တွင် လမ်းပြုပြင်မှုများ ပြုလုပ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါ မြို့နယ်တို့ အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း အလွန်ရှားပါးသော ငှက်မျိုးစိတ်တစ်မျိုးများ တွေ့ရှိကြောင်း သစ်တော ဦးစီးဌာန သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။