ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နိုင်ငံ အိမ်ခြံမြေအသင်းနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအသင်းတို့ MoU (နားလည်မှုစာချွန်လွှာ) ရေးထိုးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအသင်းမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဝဲကလိ ကျေးရွာ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမှရွှေ့ပြောင်းမြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇွန် ၂၉ရက်နေ့မှ ယနေ့အထိ မြဝတီနယ်စပ်ဂိတ်မှ ၃၁,၆၃၇ ဦး၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ၄,၅၆၀ ဦး၊ စုစုပေါင်း ၃၆,၁၉၇ ဦးဝင် ရောက်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
မန္တလေး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ရတနာပုံတက္ကသိုလ်၊ စက်မှုဇုန်၊ မင်္ဂလာ မန္တလေး စသည်တို့နှင့် နီးကပ်ပြီး ရန်ကုန် – မန္တလေး အမြန်လမ်းဘေးတွင် တည်ဆောက်မည့် လူလတ်တန်းစားများအတွက် ပထမဆုံးသော တန်ဖိုးသင့် အိမ်ယာကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇ း...
ရန်ကုန်၊ဇူလိုင် ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကြား၌ သွားလာရေးကြန့်ကြာမှုများ မကြာခဏဖြစ်ပွားနေသောကြောင့် ဂုတ်တွင်းလမ်းပိုင်းတွင် လေးလမ်းသွားတံတားတစ်စင်း တည်ဆောက်ရန် အစိုးရထံ တင်ပြထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် မြဝတီ (၉၉၉) ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများ ကျွမ်းကျင်သည့် အလုပ်နှင့် လုပ်ကိုင်လိုသည့် အလုပ်ကို စာရင်းကောက်ယူနေကာ သက်ဆိုင်ရာမြို့နယ် ရုံးများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်...
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသို့ အထောက်အထားမရှိရောက်ရှိနေသော မြန်မာလုပ်သား ၁၉၄ ဦးသည် ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူငယ်များ အနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ အချင်းချင်းမျှေ၀ ပေးနိုင်ရန် လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို ရည်ရွယ် ကျင်းပ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) အစိုးရ အသိအမှတ်ပြု ဂေဟာများကို နှစ်စဉ် ထောက်ပံ့ကြေး ငွေကျပ်ပေါင်း ၁ ဒသမ ၄ ဘီလီယံကျော် သုံးစွဲထောက်ပံ့လျက်ရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်းခြောက်မြို့နယ်ရှိ မြေအောက်ရေထွက်ပေါက်များနှင့် ဆက်သွယ်ထားသော မြစ်ထွက်ပေါက်များ ပြုပြင်ရာ၌ ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတား မြို့နယ်တို့ကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာ ဌာန (လမ်း၊ တံတား)ထံမှ သိရသည်။