Connect with us

Social

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ တရားဝင်ဖြစ်ရေး စနစ်တကျ စီမံလျက်ရှိ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့်၊ သို့မဟုတ် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ပြီး အလုပ်လုပ်လို သည့် မြန်မာ လုပ်သားများအား တရားဝင် လုပ်သား ဖြစ်ခွင့်ကို စနစ်တကျ စီမံ ဆောင်ရွက်ပေးလျက် ရှိသည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြည်သူ့လွှတ်တော်တွင် ပြောခဲ့သည်။

“အဓိကထား တင်ပြလိုတာကတော့ ကျွန်တော်တို့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ ပြည်တွင်းကို ပြန်လည်ရောက်ရှိလာတဲ့ လုပ်သားများကို သူတို့ သဘောဆန္ဒနဲ့အညီ အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်၊အလားတူပဲ ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ပြီး အလုပ်လုပ်လိုတဲ့ အလုပ်သမားတွေကိုလည်း တရားဝင် အလုပ်သမားဖြစ်အောင်၊ ဥပဒေနဲ့အညီ ခံစားနိုင်ခွင့် ရှိအောင် အစီအမံတွေ ချပြီး ဆောင်ရွက်လျက် ရှိပါတယ်” ဟု ကရင်ပြည်နယ် မြဝတီ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ခို၏ ၎င်းက ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံကို ပြန်သွား အလုပ်လုပ်လိုသူများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရက ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၇ ရက်နေ့အထိ မှတ်ပုံတင် ယာယီဗဟိုဌာန ၉၉ ဌာန ဖွင့်လှစ်ပြီး တရားမဝင်လာရောက် အလုပ်လုပ်နေသူများစာရင်းကို အလုပ်ရှင်များထံမှ ရယူခဲ့ကြောင်း၊ ယခုအခါတွင် ထိုစာရင်းများ မှန်ကန်မှု ရှိ မရှိကို စစ်ဆေးလျက်ရှိရာ စစ်ဆေးမှု ပြီးသည့်အခါ၌ လာမည့် စက်တင်ဘာ ၁၅ ရက်နေ့မှ စ၍ အထောက်အထားမဲ့ အလုပ်လုပ်နေသော နိုင်ငံခြား အလုပ်သမားများကို အထောက်အထားများ ထုတ်ပေးပြီး တရားဝင် အလုပ်သမားများ အဖြစ် ခန့်ထားသွားမည် ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ တွင် ထိုင်းနိုင်ငံအတွင်း CI (certificate of Identity) များအား သက်တမ်း တိုးပေးလျက်ရှိရာ သြဂုတ်လ ၈ ရက်နေ့အထိ ထိုင်းနိုင်ငံရှိ CI စခန်း ခြောက်ခုတွင့်သက်သေခံ လက်မှတ် ထုတ်ပေးပြီး လုပ်သား၂၈၂၂၂၄ ဦး ရှိပြီ ဖြစ်ကြောင်း၊ အသစ်ရောက်ရှိလာမည့် အသစ်ခန့်ထားမည့် မြန်မာ လုပ်သားများအား သက်သေခံ လက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် အဆိုပါ စခန်းခြောက်ခုသို့ မိမိတို့ဝန်ကြီးဌာနမှ အဖွဲ့ဝင်များ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ အဖွဲ့ဝင်များအား စခန်းတစ်ခုလျှင် ခြောက်ဦးစီ ထပ်မံ စေလွှတ်အားဖြည့် ထားပါကြောင်း၊ ထိုစခန်းများတွင် ထိုင်းနိုင်ငံ အလုပ်သမား ရေးရာဝန်ကြီးဌာနက လာရောက်ပြီး အလုပ်လုပ်ခွင့် ပါမစ်များ ပေးမည် ဖြစ်ကြောင်း၊ အလားတူပင် ထိုင်း လူဝင်မှု ကြီးကြပ်ရေးဌာနကလည်း ထိုစခန်းများမှာပင် ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ယခင်က ထိုအခွင့်အရေးမျိုး မရရှိခဲ့ဖူးကြောင်း၊ မြန်မာလုပ်သားများ သည် တရားဝင် လုပ်သားများ ဖြစ်လာပြီး ထိုင်းနိုင်ငံ၏ ဥပဒေများနှင့်အညီ အခွင့်အရေးများ ရရှိခံစားနိုင်မည် ဖြစ် ကြောင်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။

“ဒါ့အပြင် ထိုင်းအစိုးရနဲ့ ညှိနှိုင်းထားချက်အရ ယခင် စခန်းခြောက်ခု ကို နောက်ထပ် သုံးခု တိုးချဲ့ပြီး မှတ်ပုံလာတင်တဲ့ အလုပ်သမား စာရင်းအရ ဘယ်ဒေသမှာ အင်အား ဘယ်လောက် ရှိနေတယ် ဆိုတာ စိစစ်ဖော်ထုတ်ပြီးပါပြီ၊ အထူးအားဖြင့်တော့ ဘန်ကောက် ပတ်ဝန်း ကျင်မှာ အများဆုံး ရှိကြပြီး နယ်ပယ်ကတော့ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးနယ်ပယ်တွေမှာ အများဆုံး ရှိကြပါတယ်၊ အဲဒီ အလုပ်သမားတွေကို CI စခန်း ကိုးခုက သက်သေခံ လက်မှတ်တွေ ထုတ်ပေးနေတဲ့ အပြင် စက်ရုံ အလုပ်ရုံတွေကနေ စခန်းတွေအထိ လာဖို့အခက်အခဲ ရှိတဲ့ လုပ်သားတွေအတွက် သူတို့ အလုပ် လုပ်တဲ့ နေရာအထိ mobile သွားပြီး CI ထုတ်ပေးတဲ့ နည်းနဲ့လည်း ဆောင်ရွက်နေပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လာသည့် လုပ်သားဦးရေမှာ သြဂုတ်လ ၂၁ ရက်နေ့အထိ မြဝတီ ဂိတ် တစ်ခု တည်းမှ ဝင်လာသူ ၃၆၈၉၀ ဦး ရှိကာ အခြားသော ဂိတ်ပေါင်းစုံတို့မှ ဝင်လာသူများနှင့်ပါ ဆိုလျှင် ၁၀၈၅၀၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.