Connect with us

Social

(၆)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီဖွင့်ပွဲအတွက် ဆုမဲပေါင်း ၁၂ဝ,ဝဝဝ ကျော် ဖွင့်လှစ်ပေးမည်

ပေါက်မဲနံပါတ်တစ်ခုပြသနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

လာမည့် (၆) ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီဖွင့်ပွဲအတွက် ထီလက်မှတ်များ ခွဲဝေရောင်းချခဲ့ရာတွင် အက္ခရာ ၄၇ လုံး ရောင်းချထားပြီးဖြစ်ပြီး ဆုမဲပေါင်း ၁၂ဝ,ဝဝဝ ကျော် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

သြဂုတ် ၁ ရက်တွင် စတင်ရောင်းချခဲ့သော (၆) ကြိမ် မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီလက်မှတ်များကို စက်တင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ထီအရောင်း ကိုယ်စားလှယ်များ၏ ထီလက်မှတ် အမှာစာများအတိုင်း ရောင်းချခဲ့ရာတွင် ”က” အက္ခရာမှ ”အ” အက္ခရာအထိ အက္ခရာ ၃၃ လုံး၊ ”ကက” အက္ခရာမှ ”ကဎ”အက္ခရာအထိ အက္ခရာ ၁၄ လုံး စုစုပေါင်း အက္ခရာ ၄၇ လုံး ရောင်းချထား ပြီးဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

ထီလက်မှတ် အက္ခရာ ၄၇ လုံး ရောင်းချထားရာတွင် ထီလက်မှတ်အုပ်ရေပေါင်း ၃,၈၄၅,၄၄၆ ဖြစ်ပြီး ထီလက်မှတ် စောင်ရေပေါင်းမှာ ၄၂၂၉၉၉ဝ၆ စောင်ဖြစ်ကြောင်း သိရသည်။ ထီလက်မှတ်ရောင်းရငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၉၂၂၇ ဒသမ ၂၃ဝ ဖြစ်ပြီး ရောင်းရငွေ ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေပေးမည်ဖြစ်ရာ ဆုငွေချီးမြှင့်ငွေကျပ် သန်းပေါင်း ၁၁၅၃၆ . ၃၃၈ ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

ယခုလာမည့် (၆) ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီဖွင့်ပွဲတွင် အမြင့်ဆုံးဆု ကျပ်သိန်း တစ်သောင်းအပြင် ဆုတစ်ဆုချင်း ကျပ်သိန်းငါးထောင်ဆု နှစ်ဆု၊ ကျပ်သိန်းသုံးထောင်ဆု သုံးဆု၊ ကျပ်သိန်းတစ်ထောင် ဆုခြောက်ဆု၊ ကျပ်သိန်း ၅ဝဝ ဆု ၁ဝ ဆု၊ ကျပ်သိန်း ၃ဝဝ ဆု ၁၁ ဆု၊ ကျပ်သိန်း ၁ဝဝ ဆု ၁၁ ဆု၊ ကျပ်သိန်း ၅ဝ ဆု ၁၅ ဆု၊ ကျပ်သိန်း ၃ဝ ဆု ၂၂ ဆု၊ ကျပ်ဆယ်သိန်းဆု ၂၅ ဆုနှင့် ဝေဝေဆာဆာ ပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်းဆု ၁ဝဝ ဆု၊ ကျပ်နှစ်သိန်းဆု ၁ဝဝဝ ဆု၊ ကျပ်တစ်သိန်းဆု ၁၂,ဝဝဝ ဆု၊ ကျပ်ငါးသောင်းဆု ၁၁ဝဝဝဝ ဆု စုစုပေါင်း ဆုမဲအရေအတွက် ၁၂၃,၂ဝ၆ ဆု ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.