Connect with us

Social

YBS ယာဉ်လုပ်သား ၅၀ကို ရာသက်ပန် အလုပ်မှထုတ်ပယ်

ရန်ကုန်မြို့တွင်းပြေးဆွဲနေသာYBSကားအားတွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ပြ အများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ(YUPT)၏ သတ်မှတ် စည်းကမ်း ဆိုင်ရာအားနည်းသော ခရီးသည်တင် ယာဉ်လုပ်သား ၅ဝ ဦးကိုရာသက်ပန် အလုပ်မှ ထုတ်ပယ်ထားကြောင်း YUPTဌာနထံမှ သိရသည်။

လက်ရှိ အရေးယူ ခံထားရသူများသည် စည်းကမ်းပိုင်း အားနည်းသော ယာဉ်မောင်း ၂၇ ဦးနှင့် ယာဉ်နောက်လိုက် ၂၃ ဦးတို့ဖြစ်ကြောင်း၊ထို့ပြင် ငွေဒဏ် အရေးယူခံရသော သူများလည်းရှိနေပြီး ယင်းတို့ကိုလည်း နောက်တစ် ကြိမ်ဖြစ်ပွားပါက ထိရောက်သောပြစ် ဒဏ်ပေး မည်ဖြစ်ကြောင်း သိရသည်။

ထိန်းချုပ်ရေးစင်တာအနေဖြင့် လက်ရှိအခြေအနေအရ အမှတ် (၇) ယာဉ်လိုင်းမှ ခရီးသည် တင် ကားများအား ထိန်းချုပ်လျက်ရှိနေပြီး ရက်ပေါင်း ၂ဝ အတွင်း ယာဉ်မောင်း ရှစ်ဦးအား စစ်ဆေး အရေးယူထားကြောင်း၊ အမှတ် (၇) ယာဉ်လိုင်းတွင် ထိန်းချုပ်ရေးစနစ်များ တပ်ဆင်ထားပြီး အခြားသောယာဉ်လိုင်းများတွင်လည်း တပ်ဆင်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

စည်းကမ်းမဲ့ ယာဉ်လုပ် သားများအား သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်း ၁၃၈ ချက်နှင့်အညီ အနိမ့်ဆုံးငွေဒဏ် ငွေကျပ် ၁ဝဝဝဝ မှ အမြင့်ဆုံးရာ သက်ပန်ထုတ်ပယ်ခြင်း၊ ယာဉ်မောင်းလိုင်စင် သုံးလ ပိတ် သိမ်းခြင်း များဖြင့် အရေးယူကြောင်းသိရသည်။(Xinhua)