Connect with us

Social

ရန်ကုန်Water Busယခုလကုန်ပိုင်းတွင် စတင်ပြေးဆွဲမည်ဟုသိရ

water bus တစ်စင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းခြင်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရန်ကုန်မြစ်အတွင်း Water Bus ပြေးဆွဲခြင်းကို ယခုလကုန်ပိုင်းတွင် စတင်နိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ Water Bus ရေယာဉ်များသည် အနည်းဆုံး လူ ၆ဝ မှ ၃ဝဝ အထိ စီးနင်းလိုက်ပါနိုင်သော ရေယာဉ်များ ဖြစ်ကြောင်း၊ ရုံးဆင်းရုံးတက်ချိန်များတွင် လူ ၃ဝဝ ဆံ့ Water Bus များနှင့် ပြေးဆွဲပြီး နေ့လယ်နေ့ခင်း လူနည်းချိန်များ တွင် လူ ၆ဝ ဆံ့ ရေယာဉ်များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း၊ ရန်ကုန်မြစ်အတွင်း ပြေးဆွဲမည့် ယင်း Water Bus များ၏ ယာဉ်စီးခမှာ လမ်းတစ်ဝက်မှတ်တိုင်များအတွက် ငွေကျပ် ၃ဝဝ သတ်မှတ်ထားပြီး ခရီးစဉ်စဆုံးအတွက် ငွေကျပ် ၅ဝဝ သတ်မှတ်ထားကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း မကြာမီပြေးဆွဲမည့် Water Bus နှစ်စင်းမှာ သြဂုတ် ၁၅ ရက်က အလုံဆိပ်ကမ်းသို့ စတင်ရောက်ရှိ လာပြီဖြစ်ကြောင်း၊ မကြာမီသီတင်းပတ်အတွင်း Water Bus များ ဆက်တိုက်ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ယင်းရေယာဉ် များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တင့်တင့်မြန်မာ ကုမ္ပဏီက တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံမှ မှာယူတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုရောက်ရှိလာသည့် Water Busနှစ်စင်းကို ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်း၌ ရေကြောင်းလုံခြုံရေးနှင့် အစိုးရပိုင်း ဆိုင်ရာများ ကိစ္စဆောင်ရွက်ရန်အတွက် ရပ်နားထားကြောင်း၊Catamaran အမျိုးအစားဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ပြေးဆွဲမည့့်Yangon Water Bus ကို ပထမအဆင့်အနေဖြင့် လှိုင်သာယာ၊ အင်းစိန်၊ ဗိုလ်တထောင်ခရီးစဉ်ကို စတင်ပြေးဆွဲရန် လျာထား ကြောင်း၊ ခရီးစဉ်လမ်းကြောင်းတစ်လျှောက် မှတ်တိုင်များအဖြစ် အင်းစိန်ကြိုးတံတား၊ ဘုရင့်နောင်တံတား၊FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်၊ လသာ (လမ်းသစ်တံတား)၊ ပန်းဆိုးတန်း (နန်းသီတာဆိပ်ကမ်း)နှင့် ဗိုလ်တထောင် (တံတားအမှတ်-၄)တို့ ပါဝင်ကြောင်း မြန်မာ့အလင်းသတင်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.