ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းတို့တွင် တရားမဝင်ပိတောက်သစ် တန် ၁၀၀ကျော်ကို ယနေ့ ဖေဖော်ဝါရီ ၁၀ရက် နေ့လည် ၂နာရီကျော်တွင် ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၏ မြို့ပြပို့ဆောင်ရေး နှင့် ပတ်သက်သည့် လိုအပ်ချက်များကို ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) မှ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူး ဒေါက်တာတိုးအောင်က ယနေ့ကျင်းပသည့် ရေရှည်တည်တန့်သော မြို့ပြသယ်ယူပို့ဆောင်ရေးစီမံကိန်း နှင့်ပတ်သက်သည့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင်း ပြောင်းလဲပြေးဆွဲနေသော YBS ယာဉ်များနှင့် ပတ်သက်၍ တိုင်ကြားမှုများကို ယခင် မထသ ဥပဒေဖြင့် ဆက်လက်အရေးယူရန် ဥပဒေချုပ်ရုံးသို့ တင်ပြထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်းသာ ဖမ်းယူရရှိနိုင်သည့် “မေယု FM ရေဒီယို ” အစီအစဉ်ကို အချိန်ပိုင်း စမ်းသပ်ထုတ်လွှင့်နေမှု နှင့်စပ်လျဉ်း၍ မမှန်သတင်း များလည်း အများအပြား...
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြန်မာ့မီးရထား ရုံးချုပ်နှင့် FMIရုံးချုပ်နေရာတို့၌ တည်ဆောက်နေသော Landmark အဆင့်မြင့်အိမ်ရာ စီမံကိန်းအတွက် FMIမှ ရှယ်ယာသစ်များ ထုတ်ရောင်းမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဟားခါးမြို့အလှနှင့် ရှု့ခင်းများအား ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုများပြားအောင် ဆောင်ရွက်ရန် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်း ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုးရက်အတွင်း တရားမဝင်သစ် တန်ဖိုး ကျပ်သိန်းပေါင်း ၂၆၀၀၀ကျော် ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရှိ ကျေးလက်များအား ၂၀၃၀ ခုနှစ်တွင် အချိန်မရွေး သွားလာ၍ ရသည့် လမ်းများ ဖြစ်ရန် အစိုးရ ဘတ်ဂျက် နှင့် နိုင်ငံတကာ အကူအညီများ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဖော်ပြချက် အရ...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး Master Plan အား ရေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်း နယ်စပ်ဂိတ်များမှ တရားမဝင် ဝင်ရောက်လာသော ကုန်စည်များကို ခေတ်မီ X-rayစက်များဖြင့် မတ်လတွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။