Connect with us

Social

ရခိုင် ရိုးရာ ယဉ်ကျေးမှု အစဉ်အလာ နှင့် အညီ ၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော် (ရန်ကုန်)ကို ကျင်းပမည်

၁၃ ကြိမ်မြောက် ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) ၏ ရခိုင်ရိုးရာ နံ့သာ သွေးပွဲ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)ကို ရခိုင် ရိုးရာ ယဉ်ကျေးမှု အစဉ်အလာ နှင့် အညီ ဧပြီ ၁၂ ရက်မှ စတင်၍ ၁၆ ရက်ထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)ကို ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ဧပြီ ၁၂ ရက် တွင် နံ့သာ သွေးပွဲ ကျင်းပကာ ဧပြီ ၁၃ ရက် နံနက်ပိုင်းတွင် ဘုရား ရေသပ္ပာယ်ပွဲတို့အား ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး နေ့လည်ပိုင်းတွင် သုဝဏ္ဏ ဘောလုံးကွင်း၌ ရခိုင်သြင်္ကန် ရီလောင်းပွဲ ဖွင့်ပွဲ အခမ်းအနားအား ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ သြင်္ကန် ပွဲတော် ရက်များ အတွင်း သုဝဏ္ဏ အားကစားကွင်း၌ ရခိုင်သြင်္ကန် ရီလောင်းပွဲနှင့် အတူ ရခိုင် စတိတ်ရှိုး ၊ စင်တင် တေးဂီတများဖြင့် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ရခိုင် တိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင် စာပေ နှင့် ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်) နှင့် မြို့နယ် အသင်းများ ၊ ရခိုင် လူမှုရေး အသင်း အဖွဲ့များမှ စီစဉ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.