Connect with us

Social

ရန်ကုန်သြင်္ကန် ပွဲတော်အား စီးပွားရေး မဆန်ဘဲ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ နှင့် အညီ ကျင်းပသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

၂၀၁၆ ခုနှစ် အတွင်း ရန်ကုန်မြို့ ၊ မြို့ တော်ခန်းမရှေ့ တွင် ကျင်းပခဲ့သော သင်္ကြန်ပွဲတော်အား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၏ သြင်္ကန်ပွဲတော်အား စီးပွားရေး မဆန်ဘဲ တကယ့်ကို မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ နှင့် အညီ ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့မတ် ၂၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီသြင်္ကန်ပွဲတော်ကြီးက မြန်မာ့ ရိုးရာ အစဉ်အလာ ယဉ်ကျေးမှုတွေနဲ့အညီ တကယ့်ကို သံချပ် အက ၊ အလှ ဖျော်ဖြေမှုတွေနဲ့ရိုးရာ အစဉ်အလာ ယဉ်ကျေးမှုတွေနဲ့ကျင်းပ သွားမယ့် မဟာ သြင်္ကန်ပွဲတော်ကြီးသာ ဖြစ်ပြီး စီးပွားရေး ဆန်စွာ ဆောင်ရွက်လို့မရဘူးဆိုတာကို အသိပေး ပြောကြားလိုပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

သြင်္ကန်ပွဲတော်တွင် ရန်ကုန်မြို့တော်၏ ဗဟို မဏ္ဍုပ်ကြီးကို မြို့တော် ခန်းမရှေ့၌ မြို့တော် ဗဟိုမဏ္ဍပ် အဖြစ် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို ခရိုင် အလိုက် ဗဟို မဏ္ဍပ်များအား ဆောင်ရွက်သွားမည် ဖြစ်သည့် အပြင် ဖျော်ဖြေသီဆိုမှုများ ၊ ပြိုင်ပွဲဝင်မှုများကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း ၊ သံချပ်အက ၊ အလှ စွယ်စုံ ဖျော်ဖြေမှု မဏ္ဍပ်များကိုလည်း ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ယခု အခါတွင် သြင်္ကန်ဖျော်ဖြေရေး မဏ္ဍပ်များ လာရောက် လျောက်ထားမှုမှာ မဏ္ဍပ်ကြီး ၆ ခု ၊ မဏ္ဍပ်အလတ် ၁ ခု တင်ပြထားပြီး နောက်ဆက်တွဲ တင်ပြထားသည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။

ထို့အတူ အင်းယားလမ်း ၊ ကန်တော်ကြီး ကန်ပတ်လမ်းများတွင် သြင်္ကန် မဏ္ဍပ်များ ခွင့်ပြုမည် မဟုတ်ကြောင်း ၊ ထိုနေရာများသည် ရန်ကုန်မြို့၏ သွားလာရေး အတွက် ကျပ်တည်းနိုင်ပြီး အရေးပေါ် အခြေအနေ တစ်ခု ဖြစ်မည် ဆိုပါက ဝင်လမ်း ၊ ထွက်လမ်း အင်မတန် ခက်ခဲသည့် လမ်းများ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။သြင်္ကန်ပွဲတော် အတွင်း အရက်သေစာများအား ဥပဒေမဲ့ရောင်းချ၍ မရနိုင်ဘဲ ထိုအခြေအနေများကို ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်း ပြောကြားခဲ့သည်။

ယခုကျင်းပမည့် သြင်္ကန် နှစ်သစ်ကူး ပွဲတော်တွင် စီးပွားဖြစ် မဏ္ဍပ်တွေ အားလုံး ခွင့်ပြုမည် မဟုတ်ကြောင်း ၊ မဏ္ဍုပ်များ အားလုံးတွင် အလုံပိတ် အခန်းများ အားလုံးကို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ CCTV ကင်မရာ များနှင့် စောင့်ကြည့် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ထို့အတူ လုံခြုံရေးကို ပြည်သူကို ဗဟိုပြုသည့် ဝန်ဆောင်မှု စနစ်ဖြင့် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ၊ ကျန်းမာရေး ကဏ္ဍများတွင် အရေးပေါ် အခြေအနေ တော်တော်များများကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။သြင်္ကန်ပွဲတော် ကာလသည် အပူပြင်းထန်သည့် နွေရာသီ ကာလ တစ်ခု ဖြစ်သည့် အတွက် ရေကစားချိန် များအား မနက်ပိုင်းတွင် ၈ နာရီ မှ ၁၂ နာရီ အထိ ညနေပိုင်းတွင် ၃ နာရီကနေ ၆ နာရီ အထိ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

သြင်္ကန်ကာလအတွင်း ရန်ကုန်မြို့တွင်း သယ်ယူ ပို့ဆောင်ရေး ယာဉ်လိုင်းများကိုလဲ ရပ်တန့်မသွားစေဘဲ စနစ်တကျ ပြေးဆွဲ ပေးနိုင်ရန် ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။“သြင်္ကန် ကာလ အတွင်း ခရီးသွားလာမှု လွယ်ကူ ချောမွေ့စေနိုင်ဖို့အတွက် YBS ယာဉ်တွေ ပြေးဆွဲ ပေးနိုင်ဖို့ အခြေအနေတွေကိုလဲ ပြင်ဆင်ထားသလို သြင်္ကန်ကာလ ရုံးပိတ်ရက်မှာ ကိုယ့်ရဲ့ရပ်ရွာတွေကို ပြန်တဲ့ နေရာမှာလဲ သွားလာရေး လွယ်ကူ ချောမွေ့နိုင်ဖို့အတွက် ရန်ကုန် သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က အဝေးပြေး ယဉ်လိုင်းများ အလွယ်တကူ သွားလာနိုင်ရေး စီမံဆောင်ရွက်ထားတဲ့ အခြေအနေ ရှိပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။သြင်္ကန်ပွဲတော်အား အစိုးရမှ ဦးဆောင် ကျင်းပသည့် ပွဲမျိုး မဟုတ်ဘဲ ပြည်သူလူထုက ဦးဆောင် ကျင်းပသော ပွဲမျိုး ဖြစ်ရန် ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.