Connect with us

Social

မီးရထားရိုးရိုးတန်းလက်မှတ် များကို တန်းစီစရာမလိုဘဲ သုံးရက်ကြိုတင် ဝယ်ယူနိုင်

ပြေးဆွဲနေသည့် မြန်မာ့မီးရထားအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မြန်မာ့မီးရထားအနေဖြင့် ယခုနှစ်သြင်္ကန်တွင် အထူးရထားများကို သြင်္ကန်ကာလမတိုင်ခင်နှင့် သြင်္ကန်ပြီးကာလများတွင် ပြေးဆွဲသွားမည်ဖြစ်ပြီး ယနေ့ (ဧပြီ ၈ ရက်)တွင် ရန်ကုန်- မန္တလေး အထူးရထားကို စတင်ပြေးဆွဲမည်ဖြစ်ကာ ထူးခြားမှုအစီအစဉ်တစ်ရပ်အနေဖြင့် ရိုးရိုးတန်းလက်မှတ် များကို တန်းစီစရာမလိုဘဲ အထူးတန်းကဲ့သို့ သုံးရက်ကြိုတင် ဝယ်ယူနိုင်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) သွားလာပို့ဆောင်ရေးဌာနခွဲမှ သိရသည်။

မြန်မာ့မီးရထားသည် ဝန်ထမ်း၊ အလုပ်သမားနှင့် ခရီးသွားပြည်သူများ အဆင်ပြေ စေရန် ယခုနှစ် သြင်္ကန်အကြိုကာလနှင့် သြင်္ကန်ပြီးကာလများတွင် ပုံမှန်ပြေးဆွဲပေး နေသော ရိုးရိုးရထားများအပြင် အထူးရထားများကို တိုးချဲ့ပြေးဆွဲပေးသွားမည် ဖြစ်ရာ သြင်္ကန်အထူးရထားအဖြစ် ဧပြီ ၇ ရက်တွင် မန္တလေး- ရန်ကုန်၊ ဧပြီ ၈ ရက် (ယနေ့)မှစတင်ကာ ရန်ကုန်- မန္တလေးနှင့်မန္တလေး- ရန်ကုန် သြင်္ကန်အထူးရထားများကို ဧပြီ ၁၃ ရက်အထိ နေ့စဉ်ပြေးဆွဲပေးမည် ဖြစ်သည်။ ရန်ကုန်မြို့မှ ထွက်ခွာသော ရန်ကုန်-မန္တလေး သြင်္ကန်အထူးရထားကို ရန်ကုန်ဘူတာကြီးမှ နေ့စဉ် ညနေ ၄ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီးနောက်တစ်နေ့နံနက် ၆ နာရီတွင် မ္တလေးမြို့သို့ ဆိုက်ရောက်မည် ဖြစ်သည်။ မန္တလေးမြို့ထွက်ခွာမည့် မန္တလေး- ရန်ကုန် သြင်္ကန်အထူးရထားသည် မန္တလေးဘူတာကြီးမှ ညနေ ၄ နာရီ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ နောက်တစ်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

ဧပြီ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် သြင်္ကန် အထူးရထားများကိုရပ်နားထားမည် ဖြစ်ပြီးမူလပုံမှန်ပြေးဆွဲနေသောရထားများ ပြေးဆွဲမည်ဖြစ်သည်။ ဧပြီ ၁၇ ရက်မှစတင်ကာ သြင်္ကန်အထူးရထားများကို ဧပြီ ၂၃ ရက်အထိ ပြန်လည်ပြေးဆွဲပေးမည် ဖြစ်ပြီး လက်မှတ်များကိုရိုးရိုးတန်းရော အထူး တန်းပါ သုံးရက်ကြိုတင် ဝယ်ယူရမည်ဖြစ်သည်။ ရန်ကုန်- မန္တလေးခရီးစဉ်တွင် ရိုးရိုးတန်းလက်မှတ်ကို ငွေကျပ် ၄၆၅ဝ၊ အထူးတန်းကို ငွေကျပ် ၉၃ဝဝ ဖြင့် သတ်မှတ် ရောင်းချပေးမည်ဖြစ်သည်။သြင်္ကန်အထူးရထားများကို ရန်ကုန်- မန္တလေးနှင့် မန္တလေး- ရန်ကုန် လမ်းကြောင်း တွင် နေ့စဉ် အစုန်/အဆန် ပြေးဆွဲပေးမည်ဖြစ်ပြီး ရပ်နားပေးမည့် ကြားဘူတာများ မှာ တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်တို့တွင် သာ ရပ်နားပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါဘူတာများအပြင် စီးနင်းလိုက်ပါ မည့် ခရီးသည်များအနေဖြင့် ပုံမှန်ပြေးဆွဲပေးနေသောရထားများကို လိုက်ပါစီးနင်းနိုင် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)