Connect with us

Social

သြင်္ကန်ကာလတွင် ယာဉ်မောင်းသူများလိုက်နာရန်နှိုးဆော်ချက်ထုတ်ပြန်

၂၀၁၆ ခုနှစ် မဟာသင်္ကြန်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ် မဟာသြင်္ကန်ကာလအတွင်း မိဘပြည်သူများ ယာဉ်မတော်တဆမှုကြောင့် ထိခိုက် နစ်နာမှုမရှိစေရေး၊ ယာဉ်အန္တရာယ်မဖြစ်ပွားစေရေးတို့အတွက် ယာဉ်မောင်းသူများအနေဖြင့် စည်းကမ်းချက် ၁၀ ချက်အား တိကျစွာလိုက်နာကြပါရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်သည်။

အဆိုပါ စည်းကမ်းချက် ၁၀ ချက်မှာ မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခြင်းမပြုရန်၊ အပျော်လွန်ကျူး စည်းကမ်းမဲ့ ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းမောင်းခြင်းမပြုရန်၊ ယာဉ်နံပါတ်ပြားမပါဘဲ မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်၏ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်းမပြုရန်၊ ဖျက်သိမ်းထားသော ယာဉ်အိုယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲယာဉ်များအား မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်ကြောပြောင်းပြန် စီးနင်းမောင်းနှင်ခြင်းမပြုရန်၊ ထော်လာဂျီကဲ့သို့ အနှေးယာဉ်များကိုအသုံးပြု၍ ရေကစားခြင်းမပြုရန်၊

မော်တော်ဆိုင်ကယ်များ အိတ်ဇောပိုက်ဖြုတ်၍စီးခြင်း၊ အသံကျယ်လောင်စွာစီးခြင်း၊ နံပါတ်မမြင်အောင် တွန့်ခေါက်၍စီးခြင်း၊ ရှေ့/နောက် နံပါတ်ပြားမပါဘဲစီးခြင်း၊ နှစ်ဦးထက်ပို၍စီးခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မပါဘဲ စီးခြင်းများ မပြုရန် ၊သံစုံဟွန်းများ တပ်ဆင်ကာအသုံးမပြုရန်၊မော်တော်ယာဉ်များတွင် ညစ်ညမ်းသောစာသားများ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံ၊ အခြားမသင့်လျော်သောပစ္စည်းများ ရေးသားချိတ်ဆွဲ၍ မောင်းနှင်ခြင်းမပြုရန် တိုက်တွန်းနှိုးဆော်ချက်ထဲတွင်ပါရှိသည်။

၂ဝ၁၆ ခုနှစ် မဟာသြင်္ကန်ကာလအတွင်း တစ်နိုင်ငံလုံးအနေဖြင့် ယာဉ်မတော်တဆမှု ၃၅၉ မှုဖြစ်ပွားခဲ့ကာ ဒဏ်ရာရ ၈၃၈ ဦး၊ သေဆုံး ၁၃၂ ဦးရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.