Connect with us

Social

၁ကြိမ်မြောက် ကျပ်သိန်း၁သောင်းဆု ကျောက်ဖြူမြို့ မှဦးစံရွှေခိုင်ဆွတ်ခူးရရှိ

ပေါက်မဲနံပတ်များအား ကလေးငယ်များမှ ရွေးချယ်ပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

ပထမဆုံးအကြိမ် တိုးမြှင့် ချီးမြှင့်လိုက်တဲ့ ထီ ကျပ် သိန်း ၁ သောင်းဆုကြီး ကျောက်ဖြူမြို့မှ ဦးစံရွှေခိုင် ထိုးထားသည့် ထီနံပတ် ပ – ၅၉၆၈၇၂ မှာ ကျပ် သိန်း ၁သောင်း ဆုကို ဆွတ်ခူးရရှိခဲ့ပြီး သိန်း ၁သောင်းဆုရှင် က ၎င်းအနေဖြင့် အရမ်းဝမ်းသာမိကြောင်း ပြောကြားခဲ့သည်။

ထီသိန်း ၁သောင်း ဆုရှင် ဦးစံရွှေခိုင်က “ကျွန်တော်ဒီနေ့ မနက်ဘုရားသွားတယ်။ ဘုရားသွားပြီး ပြန်လာတော့ မနက်၁၀ နာရီလောက် ထီဆိုင်က ကောင်မလေးတွေက သိန်း ၁၀,၀၀၀ ဆုပေါက်တယ်ဆိုပြီးလာပြောတယ်။ အဲ့ဒီ့တော့ ကျွန်တော်အရမ်းအံ့သြပြီးတော့ ဝမ်းသာသွားပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။ထီကျပ်သိန်း ၁သောင်းဆုရှင် ဦးစံရွှေခိုင်သည် ထီကိုလစဉ် လူပျိုဘဝကတည်း ထိုးခဲ့သူတစ်ဦး ဖြစ်ပြီး ၊ ထီလည်း မကြာခဏပေါက်လေ့ရှိကြောင်း၊ ယခု အသက် ၅၈ နှစ်အရွယ်အထိ ခန့်မှန်းခြေ ထီဆုအကြိမ်ရေ ၃၀ ကျော်ခန့် ပေါက်ခဲ့ဖူးမည်ဟုထင်ကြောင်း ၎င်းကဆိုသည်။

၁ကြိမ်မြောက်ကျပ်၅၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ပေါက်မဲနံပတ်တစ်ခုကို ကလေးငယ်တစ်ဦးမှ ပြသနေစဉ် (ဆင်ဟွာ)

ပြည်တွင်းအခွန်ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲရုံးအားတွေ့ရစဉ် (ဆင်ဟွာ)

ဦးစံရွှေခိုင်က “ကျွန်တော်ခဏခဏ ထီပေါက်ဖူးပါတယ်။ အကြိမ်ရေကတော့ ၃၀ ကျော်လောက်ရှိမယ်ထင်တယ်။ အများဆုံး ထီဆု ပေါက်ခဲ့ ဖူးတာက ကျပ် ၂သိန်းဆုပါ။ အခုလို ထီဆုကြီးက တော့ ဘဝမှာ ပထမဆုံးပေါက်ဖူးတာပါ’’ ဟုပြောသည်။၎င်းထိုးခဲ့သည့် ထီနံပတ် ပ – ၅၉၆၈၇၂ ကို သားကောင်းရတနာထီဆိုင်တွင် မြင်သည့် အချိန်တွင် အရမ်းကြိုက်သွားခဲ့ကြောင်း၊ ၎င်းအနေဖြင့် အပူးနံပတ်များအားမကြိုက်ကြောင်းဆိုသည်။

ဦးစံရွှေအောင်တို့ ဇနီးမောင်နှံတွင် သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပြီး လက်ရှိတွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဖွင့် ထားကြောင်း သိရသည်။သားကောင်းရတနာ ထီဆိုင်မှ ဆိုင်ရှင် ဦးစောမြင့်သိန်းက “ကျွန်တော်က ထီဖွင့်တဲ့ ရက်တိုင်း ရန်ကုန်လာလေ့ရှိတယ်။ သိန်း ၁သောင်း ဆုကြီးကို ကျွန်တော့်ဆိုင်က ပေါက်တော့ အရမ်းပျော်မိပါတယ်။ ကျွန်တော်တို့ ထီဆိုင်က အရင်တုန်းကလည်း ထီဆုကြီးတွေဖြစ်တဲ့ ကျပ်သိန်း ၁ထောင်၊ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၂၀၀ စသဖြင့်ပေါက်ခဲ့ဖူးပါတယ်။ အတိုင်းမသိဝမ်းမိပြီး ကျွန်တော်တောင်ပျော်လွန်းလို့ ငိုချင်စိတ် ပေါက်မိပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။ကျပ်သိန်း ၁သောင်းဆုကံထူးရှင် ဦးစံရွှေခိုင် အနေဖြင့် လုပ်ငန်းများတိုးချဲ့၍ ကုသိုလ်ရေးများ အား ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.