ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဆူဇူကီး ဖလား ၂၀၁၆ ဆီမီးဖိုင်နယ် ဘောလုံးပွဲစဉ် အဖြစ် မြန်မာ နှင့် ထိုင်း ဘောလုံး ပွဲတွင် ဆူပူ ရမ်းကား သူများအား သတိပေးဆုံးမပြီး လက်မှတ်များကိုအမြတ်တင်၍ မှောင်ခိုရောင်းချသူများနှင့် ဓားလက်နက်များ သယ်ဆောင်သူများကို အမှုဖွင့် အရေးယူထားကြောင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း၌ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပိတ်ထားရသော ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆုရထူးချွန်ကျောင်သား ၁၁၇ ဦးအနက် ၃၃ ဦးတို့ကိုတရုတ်ပြည်သူ့ သမ္မတ နိုင်ငံက တာဝန်ယူထောက်ပံ့ခဲ့ သည်ဟုပညာ ရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) နိုင်ငံခြားသားများ အဆင်ပြေ ချောမွေ့စွာ ဗီဇာ လျှောက်ထားနိုင်ရေး အတွက် ပြည်ဝင် ဗီဇာ အမျိုးအစား အလိုက် စည်းကမ်း သတ်မှတ်ချက်များအား ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ပြင်ဆင် သတ်မှတ်ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း...
နေပြည်တော်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ် အထိမ်းအမှတ်နေ့ကို ယနေ့နံနက်ပိုင်း နေပြည်တော်၊ အမျိုးသား လွှတ်တော်တွင် ပထမဆုံး အကြိမ် အဖြစ် ကျင်းပခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)မြန်မာ-စင်ကာပူ နှစ်နိုင်ငံ အကြား သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ ယနေ့ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ပြည်ဝင်ခွင့် ရယူရန် မလိုတော့ဘဲ ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားရောက်နိုင်ပြီ ဖြစ်ကြောင်း နှစ်နိုင်ငံ သဘောတူညီချက်များ အရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) စင်ကာပူ-မြန်မာ ဗီဇာ ကင်းလွတ်ခွင့် ကို ဒီဇင်ဘာ ၁ ရက်မှစ၍ ရရှိမည်ဖြစ်ပြီး ယင်း ဗီဇာ ကင်းလွတ်ချိန် တွင် စင်ကာပူ နိုင်ငံ၏ အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်နိုင်မည့် ဝင်ခွင့်ကတ် ကို စင်ကာပူနိုင်ငံ...
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များပိုမိုများပြားလာခြင်းကြောင့်ပြည်သူလူထုစိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ရပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုဘဝများ လုံခြုံရေးအတွက် သက်ငယ်မုဒိမ်းမှုများဖြေရှင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) နိုင်ငံတကာနှင့် EU ဈေးကွက်သို့ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ရေ သတ္တဝါ မွေးမြူရေး လုပ်ငန်း၊ ရေထွက် ပစ္စည်းများအား တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်၍ အဆင့်အတန်း မီတင်ပို့ ရောင်းချနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊...
ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) စင်ကာပူ လူဝင်မှုကြီးကြပ်ရေး က မြန်မာနိုင်ငံသားများကို စင်ကာပူနိုင်ငံသို့ ဗီဇာမပါပဲ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပြုကြောင်းကြေညာချက်တစ်စောင်ကို ယနေ့ (၂၄/၁၁/၂၀၁၆) ရက်စွဲဖြင့် ထုတ်ပြန်သည်။