Connect with us

Social

နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် လျှောက်ထားသူများ အနက် ၂၆၂ ဦးအား ခွင့်ပြုပေးထား

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၆) အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် လျှောက်ထားသူ စုစုပေါင်း ၃၅၀ ဦး ရှိသည့်အနက် ၂၆၂ ဦးအား ယနေ့ ဒီဇင်ဘာ ၂၂ ရက်ထိ ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်စနစ် စီမံခန့်ခွဲ မှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေပါ သတ်မှတ်ချက်နှင့် မကိုက်ညီသဖြင့် ငြင်းပယ်ခဲ့သူ ၅ ဦးရှိပြီး ဗဟိုကော်မတီက လူတွေ့စစ်ဆေးရန် ကျန်ရှိသူ ၁၅ ဦး နှင့် လုပ်ငန်းကော်မတီက စိစစ်ရန် ကျန်ရှိသူ ၆၈ ဦး တို့အား ဆက်လက် စိစစ် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် ဆိုင်ရာ နည်းဥပဒေ များနှင့်အညီ လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် လျှောက်ထားသူများ အဆင်ပြေချောမွေ့စေရေး၊ ခေတ် စနစ်နှင့် အညီ ဖြစ်စေရေး တို့ အတွက် နိုင်ငံတကာ၌ ဆောင်ရွက်နေသည့် စနစ်များ ကို လေ့လာသုံးသပ်ပြီး ဖြေလျှော့ ပြင်ဆင်နိုင်မည့် အချက် များကို ပြန်လည် ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နေပြည်တော်၌ ယနေ့ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၆) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နေ့တွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်မှစတင်ကာ လျှောက်လွှာများကို လက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တည်ဆဲ ဥပဒေအရ နှစ်နိုင်ငံသား ခံယူခွင့်စနစ်ကို ခွင့်ပြုထားခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ၌ ကာလရှည်ကြာစွာ လာရောက်နေထိုင် ရင်းနှီးမြှုပ်နှံလို သူများ၊ ကျွမ်းကျင် ပညာရှင်များ၊ မြန်မာနိုင်ငံသားဟောင်းများနှင့် နိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားများအတွက် အခွင့်အရေးတစ်ရပ်အဖြစ် နိုင်ငံခြား သား အမြဲနေထိုင်ခွင့်စနစ်ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ပြဋ္ဌာန်းထားသည့် နည်းဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ် လေ့လာ၍ ယခုအခါတွင် ခေတ်စနစ်နှင့်အညီ ဖြစ်စေရေးအတွက် ဖြေလျှော့ပြင်ဆင် ဆောင်ရွက်ပြီး မြန်မာနိုင်ငံတွင် ကာလရှည်ကြာ လာရောက်နေထိုင်လိုသူများအတွက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ကျင့်သုံးအကောင်အထည်ဖော်ရာတွင် နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်သည့် လိုအပ်ချက်များ၊ စနစ်တစ်ခုလုံး အတွက် လိုအပ်ချက်များကို တည်ဆဲဥပဒေ များနှင့်လည်းကောင်း၊ နိုင်ငံတကာစံနှုန်း များနှင့်လည်းကောင်း ကိုက်ညီစေရန် ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှီငြမ်း၍ စီမံခန့်ခွဲနိုင် ရေးအတွက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲွှမှုကော်မတီကို ယခု ၂၀၁၆ နှစ် သြဂုတ်လ ၂၅ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.