Connect with us

Social

ကြက် ငှက် တုပ်ကွေး ရောဂါ ကူးစက် ဖြစ်ပွားလေ့ ရှိသည့် ကာလ ဖြစ်၍ ကြက်/ငုံးခြံများ ဇီ၀ လုံခြုံမှု မြှင့်တင်ရန် လိုအပ်

မြန်မာနိုင်ငံ အတွင်းရှိ မွေးမြူရေး ကြက်ခြံတစ်ခြံ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

ယခုအချိန်ကာလသည် ဆောင်းခိုငှက်များ ပြောင်းရွှေ့သွားလာ တတ်သည့် ဆောင်းရာသီသို့ ကူးပြောင်းချိန် ဖြစ်ပြီး ကြက် ငှက် တုပ်ကွေး ရောဂါ ကူးစက် ဖြစ်ပွားလေ့ရှိသည့် ကာလဖြစ်သဖြင့် ကြက်/ငုံးခြံများ ဇီ၀ လုံခြုံမှု မြှင့်တင်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာနမှ အသိပေးနှိုးဆော်ခဲ့သည်။

ကြက်ငှက်များတွင် ကြက်ငှက် တုပ်ကွေး ရောဂါ မဖြစ်ပွားစေရေး အတွက် ဆောင်းခိုငှက်များနှင့် အိမ်မွေး ကြက် ၊ ငှက် ၊ ဘဲ နှင့် ငုံးများ ဆက်စပ် ထိတွေ့မှု မရှိစေရေး ဂရုပြု ဆောင်ရွက်ရန် ၊ ကြက် ၊ ဘဲ နှင့် ငုံး မွေးမြူရေး ခြံများ၏ ဇီ၀ လုံခြုံရေးကို အထူး ဂရုပြု ဆောင်ရွက်ရန် ၊ ကြက် ၊ ငုံး မွေးမြူရေး ခြံများနှင့် ကြက် ၊ ဘဲ အရှင်ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေး ဖျန်းခြင်း ပုံမှန် ပြုလုပ် ဆောင်ရွက်ရန် ၊ မွေးမြူရေးခြံအတွင်းသို့ ဝင်ပါက နှာခေါင်းစည်း ၊ လက်အိတ် စသည့် အကာအကွယ် ပစ္စည်းများ စနစ်တကျ ဝတ်ဆင်ရန် ၊ ကြက်ငှက်များကို ကိုင်တွယ်ပြီးတိုင်း ၊ ကြက်ခြံမှ ထွက်သည့် အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်း နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ရန် ၊ အသား ၊ ဥ တို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးရန် တို့ဖြစ်ကြောင်း သိရသည်။

ထို့အတူ ကြက်ငှက်များ ပုံမှန် မဟုတ်ဘဲ ရုတ်တရက် သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေး အဖွဲ့၊ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန ၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ထံသို့ချက်ချင်း သတင်းပို့ရန် ၊ ရောဂါ ကြိုတင် ကာကွယ်ရေး နှင့် ရောဂါ စူးစမ်း ရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာန ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် တို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.