Connect with us

Social

တန်ဖိုးမျှအိမ်ရာ အခန်းပေါင်း ၈၆၀၀ သုံးနှစ်အတွင်း ထပ်မံဆောက်မည်

တန်ဖိုးမျှအိမ်ရာစီမံကိန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မြို့ ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနက ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ သုံးနှစ်အတွင်း တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းပေါင်း ၈၆၀၀ ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ လျှောက်ထားပြီးဖြစ်သူများအား အလှည့် ကျ မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် မြရည်နန္ဒာရပ်ကွက် ၌ တည်ဆောက်ပြီးစီးနေသည့်တန်ဖိုးမျှ အိမ်ရာ အခန်းပေါင်း ၅၆၀ ကို ရောင်းချရန် နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက် အထိ လျှောက်လွှာပေါင်း ၁၃၀၀၀ ကျော် ရောင်းချပေးပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မဲစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ရာ ယင်းအိမ်ရာ၌ အခန်းမရရှိခဲ့ပါက ထပ်မံ ဆောက်လုပ်မည့် အိမ်ရာများကို အလှည့်ကျမဲစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

အသစ်ထပ်မံ ဆောက်လုပ်မည့် တန်ဖိုး မျှအိမ်ရာ ၈၆၀၀ ကို ၂၀၁၇-၂၀၁၈ မှ စ၍ ဘတ်ဂျက်ချထားမှုပေါ် မူတည်၍ နှစ်စဉ်ဆောက်လုပ်မည်ဖြစ်ရာ ယခု လျှောက်ထားသူအားလုံးကို ရောင်းချ ပေးပြီးမှသာ လျှောက်လွှာသစ်များကို လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.