Connect with us

Social

ပန်းခင်းပွဲတော်(၂ဝ၁၇)လာမည်

မြေပဒေသာ ဥယျာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ပန်းခင်းပွဲတော်(၂ဝ၁၇) ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြေပဒေသာ ဥယျာဉ်အတွင်း ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပ မည် ဖြစ် ကြောင်း စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အများပြည်သူများ ပန်းမန်အလှစိုက်ပျိုး ခြင်းကို လက်တွေ့လေ့ လာနိုင်စေ ရန်နှင့် စိုက်ပျိုးနည်းပညာရပ်များ ဖြန့်ဝေပေး နိုင်ရန်၊ ဒေသနှင့် ကိုက်ညီသော ပန်းမန် မျိုးသစ်များ အရည်အသွေး ကောင်းမျိုး များကို ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်နိုင် စေရန်၊ မိမိအိမ်ခြံဝင်းအတွင်း ပန်းမန် အလှပင်များ တစ်နိုင် တစ်ပိုင် စိုက်ပျိုးခြင်း ဖြင့် မိသားစုအပိုဝင်ငွေနှင့် စိတ်အပန်း ဖြေမှု ရရှိစေရန် တို့ကို ရည်ရွယ်၍ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနနှင့် AGA Agro Co, Ltd. တို့ ပူးပေါင်း၍ ပန်းခင်းပွဲတော်(၂ဝ၁၇) ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပန်းခင်းပွဲတော်တွင် ရာသီပန်းအမျိုး အစား ၂ဝ၊ ဟင်းခတ်အမွှေး အကြိုင် ခုနစ်မျိုး၊ ဟင်းသီးဟင်းရွက်မျိုးသစ် နှစ်မျိုးနှင့် အပင်နှစ်သောင်းကျော်ရှိ အခြားစိတ်ဝင်စားဖွယ်ရာ သီးနှံမျိုးစုံ တို့ကို စိုက်ပျိုးပြသထားမည်ဖြစ်သည်။

ပြပွဲသို့ လာရောက်လေ့လာသော အများပြည်သူများအတွက် မိမိတို့ နှစ် သက်ရာ မျိုးစေ့ ပျိုးပင်၊ စိုက်ပျိုးရေးသုံး ဆေးများ၊ မြေသြဇာများ၊ ပံ့ပိုးပစ္စည်းများ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်စေရန်နှင့် လေ့လာနိုင် ရန်အတွက် ပညာပေး အရောင်းဆိုင်ငယ်များ ဖွင့်လှစ်ထားရှိ ပေးသွားမည်ဖြစ်ပြီး ပြပွဲကာလအတွင်း လာရောက်လေ့လာသူများအား အခြေခံ စိုက်ပျိုးနည်းပညာများ ဆွေးနွေးပြ သ ပေးခြင်း၊ ပန်းအလှထိုးနည်းနှင့် သစ်သီးပုံ ဖော်နည်းများ သရုပ်ဖော်ပြ သခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.