Connect with us

Social

ပြည်ပ အလုပ်အကိုင် လမ်းညွှန် သင်တန်း တက်ရောက်ပြီးမှသာ ပြည်ပသို့တရားဝင် သွားရောက် အလုပ် လုပ်ကိုင်ခွင့် ရရှိမည်

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြည်ပနိုင်ငံများသို့ သွားရောက်သူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ပြည်ပသို့သွားရောက် လုပ်ကိုင်လိုသူများ အနေဖြင့် ပြည်ပ အလုပ်အကိုင် လမ်းညွှန် သင်တန်း တက်ရောက် ပြီးမှသာ ပြည်ပသို့တရားဝင် သွားရောက် အလုပ် လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြည်ပ နိုင်ငံများသို့သွားရောက် အလုပ် လုပ်ကိုင် လိုသူများအား ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာ အသိပညာ ပေးရန် နှင့် လုံခြုံစိတ်ချရသော ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ပြည်ပ အလုပ်အကိုင် လမ်းညွှန် သင်တန်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှ စ၍ အခမဲ့ ဖွင့်လှစ် သင်ကြား ပို့ချမည် ဖြစ်ကြောင်း သိရသည်။

“ပြည်ပကို သွားလုပ်ဖို့ရည်ရွယ်ထားတဲ့သူတွေက ဒီသင်တန်းကို တက်ထားရမယ်။သင်တန်းတက်ပြီးရင်တော့ ၁ နှစ် ကာလ အကျုံးဝင်တဲ့ သင်တန်းဆင်း လက်မှတ်ပေးပါတယ်။ကျွန်တော်တို့ဌာနကနေပြီးတော့ တရားဝင် ပြည်ပကို သွားရောက် လုပ်ကိုင်ဖို့စေလွှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ဒီလက်မှတ် ပါမှ ရမယ်။ဒါက ပြည်ပကို သွားရောက် အလုပ် လုပ်ကိုင်ရင် သိသင့် သိထိုက်တဲ့ အချက်အလက်တွေ အခမဲ့ ဖြန့်ေ၀ ပေးတဲ့ သင်တန်း တစ်ခုပါ။”ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ၊ ရွှေ့ပြောင်း အလုပ်သမား ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်ပ အလုပ်အကိုင် လမ်းညွှန် သင်တန်းအား ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကုန်) နှင့် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း(မန္တလေး)များ၌ အခမဲ့ ဖွင့်လှစ် သင်ကြား ပို့ချမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပ အလုပ်အကိုင် လမ်းညွှန် သင်တန်းကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် အညီ ပြည်ပ နိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင် လိုသူများအတွက် အစိုးရမှ ပြည်ပ မထွက်ခွာမီ သိသင့်သိထိုက်သည့် အချက်အလက်များအား သင်တန်း ပို့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.