ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)ရေးသားသူ/အေးလပြည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် ဂျော်ဒန်အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲကို ဇွန်လအတွင်း ယှဉ်ပြိုင်ကစားရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်အကြား သဘောတူညီမှုရရှိထားကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ခွင့်ပြုမိန့်ရရှိပါက ဇန်နဝါရီလ ၁၆ ရက်တွင် စခန်းသွင်းလေ့ကျင့်မှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက ဆင်ဟွာသို့...
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် Myanmar National League ကလပ်အသင်းအများစုသည် လာမည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအတွင်း လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်ရန် စီစဉ်ထားကြောင်း Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၂ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ /အေးလပြည့် ၂၀၂၁ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲ နှစ်ခုအတွက် မြန်မာ ယူ-၂၂ ဘောလုံးအသင်းအနေဖြင့် နှစ်ဆန်းပိုင်း၌ COVID-19 စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စခန်းဝင်လေ့ကျင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၆...
နေပြည်တော်၊ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)ရေးသားသူ/စိုးသန်းလင်း COVID-19 ကာလ Stay Home နေထိုင်ကြရသည့် ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင် စေရေး၊ ကိုယ်ခံအား ကောင်းမွန်စေရေး တို့အတွက် နေ့စဉ် အားကစား လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက စီစဉ် ကျင်းပလျက်ရှိသည့် အွန်လိုင်းတွင် ယှဉ်ပြိုင်ရသည့် Physical...
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကာယဗလအားကစားပြိုင်ပွဲအတွက် ကာယဗလအားကစားသမားများအား ပဏာမရွေးချယ်ခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ...
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၁ ခုနှစ်ဘောလုံးရာသီသစ်တွင် Myanmar National League ဘောလုံးပြိုင်ပွဲများကို အသက် ၂၁ နှစ်အောက် ပြိုင်ပွဲတစ်ခုသာကျင်းပမည်ဖြစ်ကြောင်း Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာသို့ ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင်ယူ-၂၂ အမျိုးသားအသင်းကို ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည်ဖွဲ့စည်းရန်လျာထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာသို့ နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ပြောင်းလဲကျင်းပရန်သတ်မှတ်လိုက် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မြန်မာ့ စပါးအုံးခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါတို့ ယှဉ်ပြိုင်ထိုး သတ်ပွဲကို အောက်တိုဘာ လ ၃၀ ရက်က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ရာ အောင်လအန်ဆန် မှာ ပထမအချီစ၍ မကြာမီမှာပင် ပြိုင်ဘက်၏...
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်ပိုပေါ့ဗ်အား ဆက်လက်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မူအားဖြင့်နှစ်ဘက်သဘောတူညီမှုရထားပြီဖြစ်ပြီး ၂၀၂၀ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မှ အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း က ဆင်ဟွာသို့ အောက်တိုဘာ ၃၀ရက်တွင်ပြောသည်။