ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် အတွက် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာအနေဖြင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲပေါင်း ၇ ခု ကိုယှဉ်ပြိုင်သွားရန်ရှိပြီး လေ့ကျင့်မှုများအား အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သက်ထားသူဇာ က ဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံး ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဖေဖော်ဝါရီ ၆ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၀ အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ၂၀၂၁ ဗီယက်နမ် နိုင်ငံ တွင် ကျင်းပမည့် SEA Games (ဆီးဂိမ်းပြိုင်ပွဲ )အတွက် ပြင်ဆင်မှုများ စတင် ပြုလုပ်နေပြီဖြစ်၍ ကစားသမားများရွေးချယ်ရန် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏...
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဖေဖော်ဝါရီလ တွင် ယူဂန္ဓာနိုင်ငံ နှင့် ကင်ညာနိုင်ငံတို့တွင် ကျင်းပမည့် ပြိုင်ပွဲများတွင် ချန်ပီယံ ကာကွယ်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ၂၀၂၀ အိုလံပစ် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ၂၀၂၀ အိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရန် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာမလေးရှားနိုင်ငံ ၌ ကာလတိုလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ယခုနှစ်အတွင် ပြန်လည်ကျင်းပမည့် ၂၀၂၀ အာဆီယံ ယူ – ၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အသင်း ၂၀၂၀ ခုနှစ်၊ မတ်လတွင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီနိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)သည် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ဦးဝင်းသူမိုးအား မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဆက်လက်သက်တမ်းတိုး ချုပ်ဆိုတော့မည် မဟုတ်ဘဲ နည်းပြချုပ်သစ် တစ်ဦးအား ခန့်အပ်တာဝန်ပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။