ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နှင့် ဘာရိန်းနိုင်ငံ လက်ရွေးစင်ဘောအသင်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ရက် မြန်မာစံတော်ချိန် ည ၁၀း၄၅ နာရီ တွင် ဘာရိန်း အမျိုးသားအားကစားကွင်း တွင် ခြေစမ်းကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ရက်တွင် နိုင်ငံတကာခြေစမ်းပွဲ အဖြစ် ကမ္ဘောဒီးယားနိုင်ငံတွင် ယှဉ်ပြိုင်မည့်ကမ္ဘောဒီးယား လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်းတို့ ၏ ဘောလုံး ပွဲစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးတချို့မှ ဒိုင်အဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၃(ဆင်ဟွာ) ရန်ကုန်မြို့၊သုဝဏ္ဏအားကစားကွင်း တွင် ယနေ့ညနေ ၆ နာရီတွင်ကျင်းပခဲ့သောမြန်မာ့လက်ရွေးစင်အသင်းနှင့်တောင်အမေရိကအသင်းတစ်သင်းဖြစ်သော ဘိုလီးဗီးယားလက်ရွေးစင်အသင်းတို့၏ ချစ်ကြည်ရေးခြေစမ်းပွဲတွင် ဘိုလီးဗီယား လက်ရွေးစင်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့်အနိုင်ယူသွားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပမည့် မြန်မာနှင့် အင်ဒိုနီးရှားဘောလုံးခြေစမ်းပွဲကို RCTI ရုပ်သံလိုင်းနှင့် ဝက်ဘ်ဆိုက်လင့်ခ် www.pssi.org တွင် တိုက်ရိုက် ကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ပူနဲမြို့တွင် ကျင်းပခဲ့သည့် (၅၂)ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ ကစားသမားများ၊ ရွှေတစ်၊ ငွေနှစ်၊ ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အောက်တိုဘာ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အင်ဒိုနီးရှား-မြန်မာ နိုင်ငံတကာဘောလုံးခြေစမ်းပွဲအတွက် ပွဲကြိုညှိနှိုင်း အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းက အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာအသင်းတည်းခိုရာ ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အင်ဒိုနီးရှား လက်ရွေးစင် ဘောလုံးအသင်းနှင့် ခြေစမ်းပွဲ ကစားရန်အတွက် ယနေ့ (အောက်တိုဘာ ၈) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂၀၁၉ အာရှယူ – ၁၉ အမျိုးသမီးဘောလုံးခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးဘောအသင်းသည် ထိုင်းလက်ရွေးစင် ယူ-၁၉အမျိုးသမီးအသင်းနှင့် အောက်တိုဘာလ ၅ရက် နှင့် ၇ရက်နေ့များတွင် ခြေစမ်းပွဲ (၂)ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ၃ ကြိမ်မြောက် အာရှ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပသွား မည် ဖြစ်ရာ မြန်မာနိုင်ငံမှ ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ မျက်မမြင် စစ်တုရင် အားကစား နည်း (၄)နည်းမှ မသန်စွမ်း...
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းနှင့် တောင်အမေရိက အသင်းတစ်သင်းဖြစ်သည့် ဘိုလီးဗီးယား လက်ရွေးစင်ဘောလုံးအသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။