Connect with us

Sport

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ ဘောလုံးအသင်းအတွက် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများ ပြုလုပ်ရန်စီစဉ်

မြန်မာကစားသမားတစ်ဦး ဘောလုံးယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ ဘောလုံးအသင်းအတွက် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများပြုလုပ် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဖိတ်ခေါ်ပြိုင်ပွဲတွင် အာရှ နှင့် အာဆီယံလူငယ်အသင်းများကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲ တွင် အောင်မြင်မှုရရန် ပြင်ဆင် ဆောင်ရွက်မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ လုံလောက်သည့် နိုင်ငံတကာ အတွေ့ အကြုံရစေရန် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာယူ-၂၂ အသင်းသည် ယခုနှစ် အတွင်း အဓိကပြိုင်ပွဲသုံးခု ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ဖေဖော်ဝါရီလတွင် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ မတ်လတွင် အာရှယူ-၂၃ ခြေစစ်ပွဲ၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလတွင် ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဇန်နဝါရီလ ပထမနှင့် ဒုတိယပတ်တွင် ကစားမည့် အရှေ့အလယ်ပိုင်းခရီးစဉ် အတွက် ကစားသမား ၂ဝ ရွေးချယ် ထားသော်လည်း ယင်းခရီးစဉ်ပြီးဆုံး ပါက ကစားသမားသစ်များ ထပ်မံ ရွေးချယ်ကာ လေ့ကျင့်ပြင်ဆင်သွား မည်ဖြစ်ကြောင်း ကြေးမုံ သတင်းတွင် ပါရှိသည်။အကြိမ်(၃ဝ) မြောက် ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.