Connect with us

Sport

AFC U-16 Women’s Championship Thailand 2019 Qualifiers Round 2 အုပ်စု (ခ) ဘောလုံးပွဲစဉ်များကို မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်

AFC U-16 Women's Championship Thailand 2019 Qualifiers Round 2 အုပ်စု (ခ) ဘောလုံးပွဲစဉ်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

AFC U-16 Women’s Championship Thailand 2019 Qualifiers Round 2 အုပ်စု (ခ) ဘောလုံးပွဲစဉ်များကို မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်များကို မန္တလေးမြို့ မန္တလာသီရီ အားကစားကွင်းကြီးတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

AFC U-16 Women’s Championship Thailand 2019 Qualifiers Round 2 အုပ်စု (ခ)ဘေလုံးပွဲစဉ် တွင် အိမ်ရှင်မြန်မာ၊ တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်မည်ဖြစ်သည်။မြန်မာ့လက်ရွေးစင် ယူ၁၆ အမျိုးသမီးအသင်းသည် နီပေါနိုင်ငံတွင် ကျင်းပခဲ့သည့် ခြေစစ်ပွဲ ပထမအဆင့်တွင် ၃ပွဲကစား ၃ပွဲနိုင် ရမှတ် ၉မှတ်ဖြင့် အုပ်စု ပထမနေရာမှ ခြေစစ်ပွဲဒုတိယအဆင့်ကိုတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ခြေစစ်ပွဲ ပထမအဆင့်သည့် မြန်မာအမျိုးသမီး ယူ၁၆ အသင်းသည် သွင်းဂိုး ၁၉ဂိုးရရှိခဲ့ပြီး မြတ်နိုးခင်နှင့် ဆွေမာအောင်တို့မှ အသင်းအတွက် ၇ဂိုးစီ သွင်းယူပေးထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.