Connect with us

Sport

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ၏ နည်းပြချုပ်သစ် ဇန်နဝါရီလကုန် တွင် ခန့်အပ်မည်

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း၏ လေ့ကျင့်နေမှု ပုံရိပ်အချို့အားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် သစ်ကို ဇန်နဝါရီ လကုန်တွင် ခန့်အပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၁၉ ခုနှစ်တွင် အဓိကနိုင်ငံတကာ ပြိုင်ပွဲများကျင်းပရန် မရှိဘဲ နိုင်ငံတကာခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်ကိုလည်း နိုင်ငံခြားသားနည်းပြခန့်အပ်မည်ဖြစ်ပြီး လာရောက်လျှောက်ထားသူ များပြားနေသလို နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန် (ဘယ်လ်ဂျီယံ)၏ အဆက်အသွယ်ဖြင့်လည်း နည်းပြသစ် ရှာဖွေလျက်ရှိကြောင်း သိရသည်။

လာရောက်လျှောက်ထားသည့် နိုင်ငံခြားသားနည်းပြများအနက် ပဏာမအဆင့် စတင် ရွေးချယ်ကာ နောက်ဆုံးခန့်အပ်မည့်နည်းပြကို အဆင့်ဆင့်ရွေးချယ်မည် ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံခြားသားနည်းပြများ သာ တာဝန်ပေးခဲ့ပြီး မြန်မာနည်းပြများကိုမူ ယာယီနှင့် ကာလတိုသာ တာဝန်ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.