Connect with us

Sport

ရိုးရာခြင်းလုံးတွင် မြန်မာ ဗိုလ်စွဲ

မြန်မာ အားကစား အသင်း(Mya) ရိုးရာ ခြင်းလုံး ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ လေးနိုင်ငံတို့ သုံးရက်တာ ယှဉ်ပြိုင်ခဲ့သော ရိုးရာခြင်းလုံးပြိုင်ပွဲ၌ နောက်ဆုံး ဗိုလ်လုပွဲကိုယနေ့ညနေပိုင်းတွင် ကျင်းပခဲ့ရာ အိမ်ရှင် မြန်မာနိုင်ငံ အသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး လာအိုအသင်းက ဒုတိယ၊ ထိုင်း အသင်း က တတိယ အသီးသီး ရရှိခဲ့ကြသည်။

လာအို အသင်း(Lao) ရိုးရာခြင်းလုံး ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

ပထမဆုရ မြန်မာအသင်းအား လာအိုနိုင်ငံ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Dr. Kham Phay Sisavanh က ဆုချီးမြှင့်နေစဉ် (ဆင်ဟွာ)

မြန်မာအသင်းနှင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

ဒီဇင်ဘာ ၈ ရက်မှ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ကြသော အဆိုပါ ပြိုင်ပွဲတွင် ထိုင်းအသင်းက ၇၈ မှတ်၊ လာအို အသင်းက ၁၂၄ မှတ်၊ မြန်မာအသင်းက ၁၅၀ မှတ် အသီးသီး ရရှိခဲ့ကြသည်။ ယနေ့ ညနေ ပိုင်းတွင် ရိုးရာ ခြင်းလုံး ပြိုင်ပွဲနည်းတူ ကြက်တောင်ရိုက်ပြိုင်ပွဲ၏ တတိယ ဆုအတွက် ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ရာ အမျိုးသား ပြိုင်ပွဲတွင် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား၊ အမျိုးသမီး ပြိုင်ပွဲတွင် မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှား အသင်းတို့က ပထမ၊ ဒုတိယ နှင့် တတိယ ဆုများ အသီးသီး ရရှိခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.