ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဘရူနိုင်းဘုရင့်ဖလားဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုများထွက်ပေါ် လာ ပြီဖြစ်ပြီး မြန်မာအသင်းသည် နာမည်ကြီး ထိုင်း၊ အိမ်ရှင် ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်းတွင် ကျရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ၂၀၁၉ အာရှဖလား၊ တတိယအဆင့် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် လာမည့် မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂း၃၀ အချိန်တွင် ကာဂျစ္စတန်အသင်းနှင့် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အာဆီယံဥက္ကဋ္ဌများ အစည်းအဝေးတွင် 4+1 စနစ်ပြင်ဆင်ရေးနှင့် လူငယ်ဖွံဖြိုးရေးတွင် ဘက်ဂျက်ပိုမိုသုံးစွဲရေး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌဦးဇော်ဇော် အဆိုပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် အပျော်တမ်းဘောလုံးလိဂ်ပြိုင်ပွဲများ ယခုနှစ်အတွင်း စတင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးရှိ၊ အောင်ဆန်းအားကစားကွင်းအားပြုပြင်ဆောင် ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြော ကြားသည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် ဖူဆယ်အလွတ်တန်းပြိုင်ပွဲ MFF Futsal Open Cup 2018 အားယနေ့မနက် ၈း၃၀ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂ဝ၁၈ အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် နည်းပြချုပ်သစ် ဦးဝင်းသူမိုး လေ့ကျင့်မှုများ စတင်ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်ဖလား (AFC Cup) အုပ်စုဒုတိယမြောက် ပွဲစဉ်များ၌ မြန်မာကလပ်အသင်းများ နိုင်ပွဲ ကိုယ်စီရရှိထားကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်သူ မြန်မာစပါးအုံးမြွေ အောင်လအန်ဆန်းအနေဖြင့် ဘရာဇီးနိုင်ငံသား ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အလက်ဇန္ဒား မချာဒို(Alexandre Machado) အား ဖေဖော်ဝါရီလ ၂၃ ရက် သုဝဏ္ဏမိုးလုံ လေလုံအားကစားရုံ၌ ကျင်းပသော ဝမ်းချန်ပီယံရှစ် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ပထမအချီ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှကြီးမှူးကျင်းပမည့် ၂၀၁၈ အလွတ်တန်းဖူဆယ် ဖိတ်ခေါ်ပြိုင်ပွဲအတွက် မဲခွဲပွဲ အခမ်းအနားနှင့် မန်နေဂျာ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ရက် နံနက် ၁၀နာရီက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။