Connect with us

Sport

၂ဝ၁၈ အာဆီယံအမျိုးသမီးပြိုင်ပွဲ မတိုင်မီ မြန်မာအမျိုးသမီးအသင်း ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်

မြန်မာအမျိုးသမီးအသင်းယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

၂ဝ၁၈ အာဆီယံအမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင် မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည် ပြိုင်ပွဲမတိုင်မီ ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲ များ ဆက်တိုက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်းသည် ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး သြင်္ကန်ကာလ လေ့ကျင့်မှုမရပ်နားခင် ကစားသမားတစ်ဦး အပြောင်းအလဲ ပြုလုပ်ခဲ့ကာ နောက်ခံလူ နန့်ဇူဇူထက် နေရာတွင် သစ္စာအားမာန်အသင်းမှ လူငယ်နောက်ခံ ကစားသမား ယမင်းလွင်ကို အစားထိုး ခေါ်ယူခဲ့သည်။ မြန်မာ အမျိုးသမီးအသင်းသည် လက်ရှိအချိန် ထိ ပြည်တွင်းခြေစမ်းပွဲသုံးပွဲကစားထား ပြီးမေလမှ စတင်ကာ ခြေစမ်းပွဲများ ဆက် တိုက်ကစားမည် ဖြစ်သည်။

မြန်မာအမျိုးသမီး အသင်းသည် မေလတွင် တောင်ကြီးနှင့် မ္တလေးမြို့သို့ သွားရောက်၍ ခြေစမ်းပွဲငါးပွဲယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး အား/ကာသိပ္ပံနှင့် လူငယ်ဘောလုံးအကယ်ဒမီတို့မှ အမျိုး သားလူငယ်အသင်းများနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ထို့ပြင် ဇွန်လတွင် ပြည်ပနိုင်ငံများသို့ သွားရောက်၍ ခြေစမ်း ပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ထိုင်း နိုင်ငံတွင် ထိုင်းလက်ရွေးစင်အသင်း အပါအဝင် ခြေစမ်းပွဲသုံးပွဲ ကစားမည် ဖြစ်သည်။ ထို့ပြင် ၂ဝ၁၈ အာဆီယံ အမျိုး သမီးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံသို့ ကြိုတင် သွားရောက်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည်အိမ်ရှင် အင်ဒိုနီးရှားအသင်း နှင့် ခြေစမ်းပွဲတစ်ပွဲ သို့မဟုတ် နှစ်ပွဲယှဉ် ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအမျိုး သမီးအသင်းသည် ပြီးခဲ့သည့်နှစ်က ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများ တွင် မျှော်မှန်းထားသလောက်အောင် မြင်မှုမရခဲ့သောကြောင့် ယခုနှစ်တွင် နည်းပြအပြောင်းအလဲ ပြုလုပ်ထားပြီး နည်းပြချုပ်အဖြစ်ဦးဝင်းသူမိုးက ကိုင် တွယ်လျက်ရှိကြောင်း သိရသည်။

မြန်မာအမျိုးသမီး အသင်းသည် ဧပြီ ၁၁ ရက်မှ ၁၉ ရက် အထိ လေ့ကျင့်မှု ရပ်နားမည်ဖြစ်ပြီး ဧပြီ ၂ဝ ရက်တွင် လေ့ကျင့်မှုပြန်လည် ပြုလုပ် မည်ဖြစ်ကြောင်း၊ ၂ဝ၁၈ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ကို ဇွန် ၃ဝ ရက်မှ ဇူလိုင် ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူတို့နှင့်အတူ ကျရောက်နေကာ အုပ်စု (က) တွင် ထိုင်း၊ သြစတြေးလျ၊ မလေးရှား၊ တီမောနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေကြောင်း မြန်မာ့အလင်းသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.