Connect with us

Sport

ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဘာလီယူနိုက်တက်အသင်းတို့ ဧပြီလ ၁၁ ရက်နေ့ယှဉ်ပြိုင်မည်

ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဘာလီယူနိုက်တက်အသင်းတို့ ၏ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲအားတွေ့စဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

AFC Cup 2018 (အာရှဘောလုံးအဖွဲ့ချုပ်ဖလား ၂၀၁၈) ပြိုင်ပွဲ၊ အုပ်စု (ဆ)၏ ပွဲစဉ်တစ်ပွဲဖြစ်သော Yangon United (ရန်ကုန်ယူနိုက်တက်) အသင်းနှင့် အင်ဒိုနီးရှားကလပ် Bali United (ဘာလီယူနိုက်တက်) အသင်းတို့သည် ဧပြီလ ၁၁ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ညနေ ၃း၃၀ အချိန်၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ထိုပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ဧပြီလ (၁၀)ရက် ယနေ့ နေ့လည်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝီဒိုဒို ပူထရာ(နည်းပြချုပ်) ဘာလီယူနိုက်တက် က

” နက်ဖြန်ပွဲစဉ်က နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲပါ။ ရန်ကုန်ယူနိုက်တက်အသင်းက တစ်ကယ့်ကို မာကျောတဲ့ အသင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့အတွက် ကစားရ ခက်စေတဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန်ယူနိုက်တက်နဲ့ အဝေးကွင်းပွဲစဉ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီပွဲစဉ်မှာ အနိုင်သုံးမှတ် ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလီအသင်း ပရိသတ် ၅၀ ဝန်းကျင် လာရောက်အားပေးမယ်လို့ သိထားရတယ်။ ပရိသတ်တွေအတွက် ရလဒ်ကောင်း ရယူပေးနိုင်ဖို့အတွက် ကြိုးစားသွားမှာပါ” ဟုပြောသည်။

Yangon United အသင်းမှ ဦးမျိုးမင်းထွန်း(နည်းပြချုပ်) က “ပထမအကျော့မှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိထားတာ မှန်ပါတယ်။ သို့သော်လည်း ဒီပွဲစဉ်မှာ ဘာလီအသင်းက သူတို့အသင်းရဲ့ အမာခံကစားသမား အကုန်နီးပါး ပြန်ပါမယ်လို့ သိထားပါတယ်။ ဘာလီအသင်းက ဒီအုပ်စုမှာ အကောင်းဆုံးအသင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်း ခက်ခက်ခဲခဲ ကစားရမှာပါ။ နောက်တစ်ခုက ဒီပွဲစဉ်မှာ ရန်ကုန်အသင်းက သရေတစ်မှတ် ရရှိတာနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။ ဒါပေမယ့် သရေရလဒ်အတွက် ဦးတည်ကစားမှာ မဟုတ်ပါဘူး။ အနိုင်သုံးမှတ်အတွက်ပဲ အားထည့် ကစားသွားမှာဖြစ်ပါတယ်။ တစ်ခုရှိတာက အသင်းမှာ လတ်တလော ဒဏ်ရာရ ကစားသမား ၆ ဦးလောက်ရှိနေပါတယ်။ ဒီအချက်ကတော့ အသင်းကို အနည်းငယ် အခက်အခဲတွေ့နိုင်ပါတယ်’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.