Connect with us

Sport

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်နှင့် ကောင်စီအစည်းအဝေး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အဖွဲ့ တက်ရောက်

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်နှင့် ကောင်စီအစည်းအဝေးမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်နှင့် ကောင်စီအစည်းအဝေး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အဖွဲ့ တက်ရောက် ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၊ Mulia Hotel တွင် မေလ ၁ ရက် နံနက် ၁၀ နာရီမှ စတင်ကာ ကျင်းပလျက်ရှိသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ၏ ၂၅ ကြိမ်မြောက် ကွန်ဂရက် နှင့် ၁၅ ကြိမ်မြောက် ကောင်စီအစည်းအဝေးသို့ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်၊ စီအီးအို ဦးဘုန်းနိုင်ဇော် နှင့် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ၊ အဖွဲ့ဝင် နိုင်ငံအသီးသီးမှ အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အထူးဖိတ်ကြားထားသည့် အာဆီယံပြင်ပ နိုင်ငံများမှ ဧည့်သည်တော်များသည် ယနေ့ ကျင်းပသည့် ကွန်ဂရက်တွင် အာဆီယံ ဘောလုံးလောက တိုးတက်ရေး အတွက် စီမံကိန်းများ၊ လူငယ်ဖွံဖြိုးရေးနှင့် ဒေသတွင်း ပြိုင်ပွဲများ အောင်မြင်မှု ရရှိရေး၊ စနစ်သစ်ဖြင့် ပြောင်းလဲ ကျင်းပသည့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲ အောင်မြင်မှု ရရှိရေး စသည့်ကဏ္ဍများအား ဆွေးနွေးကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117