Sport
အာဆီယံ ကျောင်းသား အားကစား ပြိုင်ပွဲတွင် မြန်မာ အားကစား အဖွဲ့ ကြေးတံဆိပ် ၄ ခုဖြင့် နိုင်ငံလိုက် အဆင့် ၇ ရရှိထား
ရန်ကုန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)
၉ ကြိမ်မြောက် အာဆီယံ ကျောင်းသား အားကစား ပြိုင်ပွဲအား စင်ကာပူ နိုင်ငံ၌ ကျင်းပလျက် ရှိရာ မြန်မာ အားကစား အဖွဲ့သည် ကြေးတံဆိပ် ၄ ခုဖြင့် နိုင်ငံလိုက် အဆင့် ၇ ရရှိထားကြောင်း အားကစား နှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။
မြန်မာ အားကစား အဖွဲ့သည် ပြေးခုန်ပစ် အားကစားနည်းမှ ကြေးတံဆိပ် ၃ ခုနှင့် ကျွမ်းဘား အားကစားနည်းမှ ကြေးတံဆိပ် ၁ ခု စုစုပေါင်း ၄ ခု ရရှိထားကြောင်း သိရသည်။
၉ ကြိမ်မြောက် အာဆီယံ ကျောင်းသား အားကစား ပြိုင်ပွဲသို့မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ပြေးခုန်ပစ် ၊ ကြက်တောင် ၊ ပိုက်ကျော်ခြင်း ၊ ရေကူး ၊ ကျွမ်းဘား ၊ စားပွဲတင် တင်းနစ် ၊ တင်းနစ် စုစုပေါင်း အားကစား သမား ၆၆ ဦး ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။(Xinhua)