Connect with us

Sport

ထိုင်းနိုင်ငံတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်း ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားမည်

မြန်မာအမျိုးသမီးဖူဆယ်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံရှိ National Football Center (အမျိုးသားဘောလုံးစင်တာ) တွင် သွားရောက် လေ့ကျင့်လျက်ရှိရာ လေ့ကျင့်မှုများ ပြုလုပ်သည့် ကာလအတွင်း ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ် အသင်းသည် ဇူလိုင်လ ၁၉ ရက်နေ့တွင် ထိုင်းလက်ရွေးစင် အမျိုးသမီး အသင်းနှင့် လည်းကောင်း၊ ဇူလိုင်လ ၂၁ ရက်တွင် Kasem Bundit Universtry အသင်းနှင့် လည်းကောင်း၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ထိုင်းလက်ရွေးစင် အမျိုးသမီး အသင်းနှင့် လည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် အီရန် အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ဖူဆယ် အသင်း၏ လေ့ကျင့်မှုများနှင့် ခြေစမ်းပွဲစဉ် သုံးပွဲ ကို Kasem Bundit University (ခဆမ်းဘန်းဒစ်တက္ကသိုလ်) အသင်း၏ ကွင်းတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် ကစားမည့် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်ကိုမူ အခြားကွင်းတစ် ကွင်းတွင် ပြောင်းရွှေ့ ကစားရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.